အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » လမ်းခွဲတယ်ဆိုတာ .......

လမ်းခွဲတယ်ဆိုတာ .......

Written By Anonymous on Friday, July 5, 2013 | 10:33 PM



ချစ်သူ ....
နင်တွေးကြည့်စမ်းပါ
ကြိုးတစ်စကိုဖြတ်ရင်
အစွန်းနှစ်ဖက်မှာ
ပွန်းပဲ့ရာကျန်နေခဲ့တယ်ဆိုရင်
လူသားစစ်ဖြစ်တဲ့
ငါတို့နှလုံးသား
ဘယ်လောက်ထိ နာကျင်နေမလဲလို့လေ။



ချစ်သူ......
ဒဏ်ရာတွေဟာ
ဘယ်လောက်ပဲပျောက်တယ်ပြောလဲ
အမာရွတ်တော့ ကျန်နေသေးတယ်
ဒီလိုပဲ တကယ်နာကျင်သွားတဲ့
ငါတို့နှလုံးသား
အမာရွတ်တော့ ရှိနေအုံးမှာပဲ။

ချစ်သူ.......
အတိတ်ကို အတိတ်မှာထားလို့
ပြောကြတာလွယ်ပေမယ့်
တကယ်ချစ်စစ်နဲ့ ချစ်ခဲ့သူအတွက်
သေလောက်အောင်တော့ ခက်ခဲလိမ့်မယ်။
 

ချစ်သူ.......
လူတွေကပြောကြတယ်
အချိန်က ကုစားမှာပါတဲ့
အချိန်ကုစားလို့
တကယ်ပျောက်သွားတယ်ဆိုရင်
ဘယ်သူမှ လွမ်းဆွေးတမ်းတနေကြမှာမဟုတ်ဘူး ။
 

ချစ်သူ .....
အချစ်စစ်နဲ့ ချစ်တတ်တဲ့သူတိုင်းအတွက်
လမ်းခွဲတယ်ဆိုတာ
ပြောပြစရာစကားမရှိအောင်
နာကျင်နေကြရတဲ့အချိန်ဖြစ်နေလိမ့်မယ်။
 

ချစ်သူရေ ...
နှစ်ဦးသား နာကျင်ရမယ့်
လမ်းခွဲခြင်းဆိုတာ
ငါတို့နဲ့ ဝေးဝေးမှာ ထားပါချစ်သူ...
ဘာကြောင့်လဲမေးရင်
ကမ္ဘာတည်သမျှ မေ့မရတဲ့
အချစ်စစ်နဲ့ ချစ်နေလို့ပါ ....
(အရမ်းချစ်တယ် ချစ်သူရယ် )။


                                                    ဆုလေးနွယ်

                                               ကြိုးစားပါအုံးမည်။
Share this article :

1 comments:

  1. ချစ်သူရေ ...
    နှစ်ဦးသား နာကျင်ရမယ့်
    လမ်းခွဲခြင်းဆိုတာ
    ငါတို့နဲ့ ဝေးဝေးမှာ ထားပါချစ်သူ...
    ဘာကြောင့်လဲမေးရင်
    ကမ္ဘာတည်သမျှ မေ့မရတဲ့
    အချစ်စစ်နဲ့ ချစ်နေလို့ပါ ....
    (အရမ်းချစ်တယ် ချစ်သူရယ် )။
    တူတူပါပဲနော်....မောင်လည်း ချစ်သူလိုပဲ
    လမ်းခွဲခြင်းဆိုတာကို မောင်တို့ နဲဝေးဝေးမှာထားရအောင်နော်
    ချစ်သူ.။။။။။

    ReplyDelete

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်