လူတွေကပြောတယ်
မျှော်လင့်ချက်နဲ့ အသက်ရှင်နိုင်တယ်တဲ့
ဟုတ်ရဲ့လား ချစ်သူ..
ငါ တွေ့သမျှ ခံစားနေရတာတော့
မျှော်လင့်ချက်ဆိုတာနဲ့
သေနိုင်တယ်ဆိုတာပဲ ဖြစ်နေတယ်
နေမြင့်လေ အရူးရင့်လေဆိုသလိုမျိုး
အချစ်ကို ကြာရှည်စွာဖက်တွယ်ထားမိလေ
မျှော်လင့်ခြင်းက ဒဏ်ခတ်လေပဲ
မျှော်လင့်ခြင်းနဲ့ အသက်ရှင်နိုင်တယ်ဆိုတဲ့စကားက
ငါ့အတွက်တော့ မဟုတ်ခဲ့ဘူးထင်တယ်
ဘာကြောင့်လဲ မေးရင်
မျှော်လင့်ရင်းနဲ့ ငါ သေနိုင်လို့လေ...
လွမ်းဆုလေး
မျှော်လင့်ချက်
Written By MyanmarChnnel@ on Saturday, November 16, 2013 | 5:48 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
0 comments:
Post a Comment