ငါ့ နှလုံးသားမှာ မိုးရွာနေတယ်
ငါ့ အသဲမှာ မိုးရိပ်ဆင်နေတယ်
ငါ့ ရင်ခွင်မှာ မုန်တိုင်းကျနေတယ်
ငါ့ အတွေးအာရုံတွေမှာ မှောင်မည်းနေတယ်
ငါ့ စိတ်ကူးတွေ အိပ်မက်တွေ ပင်လယ်ဖြစ်နေခဲ့တယ်
ငါ ခံနိုင်ရည်မရှိပါဘူး
ငါ စိမ်းတောက်တာတွေ မပြောရက်ပါဘူး
ငါ လိုချင်တာလဲ မတောင်းရက်ပါဘူး
ငါ ဖြစ်ချင်တာကိုလဲ မဆိုရက်ပါဘူး
ငါ အတ္တလဲ မကြီးချင်ဘူး
ငါ့ အတွေးတွေကို နားလည်ရင်ကောင်းမှာ
ငါ့ အာရုံကို သိရင်ကောင်းမှာ
ငါ့ စိတ်ကို နားလည်ရင် ကောင်းမှာ
ငါ့ ခံစားချက်ကို မြင်နိုင်ရင်ကောင်းမှာ
ငါ့ ကြေကွဲမှုတွေကို ခံစားပေးရင်ကောင်းမှာ
ခုတော့ဟာ ...
မျိုသိပ်ရတဲ့ မိန်းကလေးဘ၀ မလွယ်လှဘူးဆိုသလိုပဲ
အားလုံးသိအောင် ပေါက်ကွဲချင်ပေမယ့်
သိက္ခာ အရှက် မာန တဲ့ ရစ်ပတ်ထားခြင်းခံရတယ်
ငါ ဒီလိုနဲ့ပဲ မပြောဖြစ်ခဲ့တော့ဘူး
ဒီခါလဲ မျိုသိပ်ပြီး သိမ်းထားလိုက်ပါတယ်
ငါ့ ၀မ်းနည်းမှုတွေကိုပေါ့ ..
လွမ်းဆုလေး
ငါ့ အသဲမှာ မိုးရိပ်ဆင်နေတယ်
ငါ့ ရင်ခွင်မှာ မုန်တိုင်းကျနေတယ်
ငါ့ အတွေးအာရုံတွေမှာ မှောင်မည်းနေတယ်
ငါ့ စိတ်ကူးတွေ အိပ်မက်တွေ ပင်လယ်ဖြစ်နေခဲ့တယ်
ငါ ခံနိုင်ရည်မရှိပါဘူး
ငါ စိမ်းတောက်တာတွေ မပြောရက်ပါဘူး
ငါ လိုချင်တာလဲ မတောင်းရက်ပါဘူး
ငါ ဖြစ်ချင်တာကိုလဲ မဆိုရက်ပါဘူး
ငါ အတ္တလဲ မကြီးချင်ဘူး
ငါ့ အတွေးတွေကို နားလည်ရင်ကောင်းမှာ
ငါ့ အာရုံကို သိရင်ကောင်းမှာ
ငါ့ စိတ်ကို နားလည်ရင် ကောင်းမှာ
ငါ့ ခံစားချက်ကို မြင်နိုင်ရင်ကောင်းမှာ
ငါ့ ကြေကွဲမှုတွေကို ခံစားပေးရင်ကောင်းမှာ
ခုတော့ဟာ ...
မျိုသိပ်ရတဲ့ မိန်းကလေးဘ၀ မလွယ်လှဘူးဆိုသလိုပဲ
အားလုံးသိအောင် ပေါက်ကွဲချင်ပေမယ့်
သိက္ခာ အရှက် မာန တဲ့ ရစ်ပတ်ထားခြင်းခံရတယ်
ငါ ဒီလိုနဲ့ပဲ မပြောဖြစ်ခဲ့တော့ဘူး
ဒီခါလဲ မျိုသိပ်ပြီး သိမ်းထားလိုက်ပါတယ်
ငါ့ ၀မ်းနည်းမှုတွေကိုပေါ့ ..
လွမ်းဆုလေး
0 comments:
Post a Comment