အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » မျှော်လင့်နေဆဲပါချစ်သူ

မျှော်လင့်နေဆဲပါချစ်သူ

Written By MyanmarChnnel@ on Sunday, October 13, 2013 | 7:46 PM

လမင်းရဲ့အလင်းရောင်
မထွန်းပဲမှောင်တဲ့ည
ငါ့နှလုံးသားတစ်ခုလုံးကို
ဝါးမျိုသွားခဲ့ပြီ။

ရာသီတွေအလီလီပြောင်း
နှစ်လတွေပြောင်းဟောင်းခဲ့ပေမယ့်
မဟောင်းနိုင်ခဲ့တဲ့ အမှတ်တရညတွေ
ငါ့အတွက်တော့ တစ်ကမ္ဘာပြောင်းခဲ့ပြီလား?


တစ်ချိန်က ငါ့ရဲ့ညတွေ
တစ်ထောင့်တစ်ည ပုံပြောကောင်းတဲ့
မင်းရဲ့ အသံချိုချိုစကားလုံးအောက်
မာယာမဲ့စွာယုံစား
မြတ်နိုးယုယချစ်မ၀နိုင်ခဲ့သမျှ..

နင်ကတော့ ငါ့ဘ၀ ငါ့ကမ္ဘာ
ငါ့အိပ်မက်တွေကို တစ်စစီ ရိုက်ချိုး
ငါ့အပါးက ထွက်ခွာခဲ့လေပြီ။

အချိန်တွေသာ ပြောင်းခဲ့ပေမယ့်
အချစ်ကြီးသူငါ့အသဲ
အမှတ်မရှိစွာနဲ့ မင်းကိုတမ်းတနေဆဲ
မျှော်လင့်နေဆဲပါ ချစ်သူရယ်.....
                       လွမ်းဆောင်း
                  (ဆုလေးနွယ်၏ အတွေးများ)



             
 
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်