အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » သင်က ကျန်းမာတဲ့ အမျိုးသားလား

သင်က ကျန်းမာတဲ့ အမျိုးသားလား

Written By MyanmarChnnel@ on Sunday, October 13, 2013 | 7:16 AM



ကျန်းမာရေးကောင်းမွန်တဲ့ အမျိုးသား ဟုတ်၊ မဟုတ် ကျန်းမာရေး စစ်ဆေးမှုကို မခံယူဖြစ်သူတွေ အနေနဲ့ မိမိဘာသာ အလွယ်နည်းတွေနဲ့ ကိုယ့်ဘာသာ စမ်းသပ်စစ်ဆေးနိုင်မယ့် နည်းတွေ ရှိပါတယ်။ ဒီနည်းလမ်းတွေက လွယ်ကူတာကြောင့် အမျိုးသားတွေ မိမိဘာသာ စမ်းသပ်ကြည့်နိုင်ဖို့ ရေးသားလိုက်ရပါတယ်။

(၁) နှလုံးခုန်နှုန်း

နားနေစဉ်မှာ ဖြစ်ပေါ်နေတဲ့ နှလုံးခုန်နှုန်း (RHR) ဆိုတာ သင်ရဲ့ကြံ့ခိုင်မှု အဆင့်ကို ဖော်ပြနေတာပါ။ တိုင်းတာနည်းက သင့်လက်ညှိုးနဲ့ လက်ခလယ်ကို သုံးပြီး လက်ကောက်ဝတ်ရှိ သွေးခုန်နှုန်းကိုတိုင်းပါ။ ၁၅ စက္ကန့်မှာရရှိတဲ့ သွေးခုန်နှုန်း ပမာဏကို လေးနဲ့မြှောက်လိုက်ပါ။ သွေးခုန်နှုန်းက ၇၀-၇၅ ကြိမ်ကြားဖြစ်ရင် ကျန်းမာရေး ကောင်းမွန်နေပါတယ်။


(၂) လက်သည်းများ

လက်သည်းတွေကို ကြည့်တာကြောင့် သင့်ခန္ဓာကိုယ် ကျန်းမာရေး ကောင်းမွန်မှု ရှိ၊ မရှိ သိနိုင်ပါတယ်။ ကျန်းမာနေရင် လက်သည်းတွေက ပန်းရောင်သမ်းကာ တင်းမာပြီး ချောမွတ်နေရပါမယ်။ လက်သည်းထိပ်မှာ တိမ်လို အကွက်ပေါ်တာနဲ့ အစင်းထင်တာတွေ ဖြစ်နေရင် မစိုးရိမ်သင့်ပါဘူး။ ဒါပေမဲ့ လက်သည်းတွေ ကြွပ်ဆတ်နေရင်၊ ဇွန်းလို ချိုင့်နေရင်၊ ဒေါင်လိုက်နဲ့ ဘေးတိုက်မြောင်းတွေပေါ် နေရင်တော့ ဂရုစိုက်သင့်ပါတယ်။

(၃) ဆံပင်

ဆံပင်သား တောက်ပရင်က ကျန်းမာရေး ကောင်းနေပါတယ်။ ဆံပင်သား မွဲခြောက်တာ၊ ကြွပ်ဆတ်တာနဲ့ ပြတ်တာတွေက အစားအသောက် စားသောက်ပုံက ကျန်းမာရေးနဲ့ မညီညွတ်တာကြောင့်ပါ။

(၄) အရေပြား

ကျန်းမာတဲ့ အရေပြားက ဆွဲဆန့်ရလွယ်ပါတယ်။ စမ်းသပ်နည်းကတော့ လက်ဖမိုး အရေပြားကိုဆွဲပြီး ပြန်လွှတ်ကြည့်လိုက်ပါ။ ပုံမှန်အရေပြား အခြေအနေမျိုးကို ခပ်မြန်မြန် ပြန်ရောက်တယ်ဆိုရင် ကျန်းမာပါတယ်။ အဲဒီလိုမဖြစ်ရင်တော့ ရေဓာတ် ခန်းခြောက်နေပါပြီ။

(၅) ဆီး

သင်သွားတဲ့ ဆီးကလည်း သင့်ကျန်းမာရေးအတွက် သဲလွန်စကို ပေးနိုင်တာပါပဲ။ ဆီးအရောင်က အဝါရောင်ဖျော့ဖျော့ ဖြစ်နေသင့်ပါတယ်။ တကယ်လို့ အညိုရောင်၊ လက်ဖက်ရည်ရောင်ဖြစ်နေရင် အလွန်အမင်း ရေဓာတ်ခန်းခြောက်နေပါပြီ။ သင်စားတဲ့အစာ၊ အားဖြည့်ဆေးနဲ့ ဆေးတွေကြောင့်လည်း ဆီးအရောင်နဲ့ အနံ့က ပြောင်းလဲနိုင်ပါတယ်။ ဆီးက အနီရောင်ဖြစ်ပြီး အနံ့က ပုံမှန်မဟုတ်တဲ့ အနံ့မျိုး ထွက်နေရင်တော့ ဆရာဝန်နဲ့ ပြသင့်နေပါပြီ။

(၆) သုက်ရည်

ကျန်းမာတဲ့ အမျိုးသားတစ်ဦးဟာ ယေဘုယျအားဖြင့် သုက်ရည်တစ်ကြိမ် ထွက်ရင် ၂-၅ မီလီလီတာရှိကာ အဖြူရောင် ဒါမှမဟုတ် အရောင်မှိုင်းဖြစ်သင့်ပြီး စေးကပ်ကပ် ဖြစ်သင့်ပါတယ်။ သွေးစပါနေရင် ဒါမှမဟုတ် အရည်ကျဲနေရင် ဒါမှမဟုတ် လက်ဖက်ရည်ဇွန်း တစ်ဇွန်းထက် နည်းတဲ့ပမာဏပဲ ထွက်ရင် ဆရာဝန်နဲ့ ပြသင့်နေပါပြီ။

(၇) လျှာ

ကျန်းမာရေးနဲ့ ညီညွတ်တဲ့သူမှာရှိတဲ့ လျှာက ခပ်နွေးနွေးနဲ့ ပန်းရောင်ရှိသင့်ပါတယ်။ အလွန် မချောမွေ့လွန်းပါဘူး။ အရောင်ဖျော့နေရင်၊ ဝါနေရင်နဲ့ပူနေရင် စားသောက်မှုပုံစံ ပြောင်းလဲတာနဲ့ ကျန်းမာရေး မကောင်းတာကြောင့် ဖြစ်နိုင်ပါတယ်။

(၈) ခန္ဓာကိုယ်ထုထည် အညွှန်းကိန်း

ခန္ဓာကိုယ်ထုထည် အညွှန်းကိန်း (BMI) ဟာ ၁၈ နဲ့ ၂၅ ကြားမှာရှိရင် ကျန်းမာရေး ကောင်းမွန်နေတယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့ ကြွက်သားတွေရှိနေရင် ဒါမှမဟုတ် ခန္ဓာကိုယ် ကျစ်လျစ်နေရင်တော့ ဒီကိန်းဂဏန်းတွေထက် အနည်းငယ်မြင့်တာနဲ့ လျော့တာက ပြဿနာမရှိပါဘူး။

(၉) ကြံ့ခိုင်မှု

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အရွယ်ရောက်သူတစ်ဦးဟာ အမြင့်ကိုတက်စရာရှိရင် လှေကားကနေ တက်နိုင်ပါတယ်။ အချိန် ၁၅ မိနစ်အတွင်းမှာ တစ်မိုင် လမ်းလျှောက်နိုင်တယ်ဆိုရင် ကျန်းမာရေးကောင်းတဲ့ အမျိုးသားပဲ ဖြစ်ပါတယ်။

BY GOOD HEALTH
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်