တူနှစ်ကိုယ်ချစ်ခဲ့ကြတုန်းမှာ
အသိုင်းဝိုင်းမိဘ မပါလာပါဘူးချစ်သူ..
မိဘတွေ သဘောမတူဘူးဆိုတာလောက်နဲ့
နင် ခွဲသွားမလို့လား ?
ငါမရှိရင် မဖြစ်နိုင်ပါဘူးဆိုတဲ့
နင့်စကားသံတွေ ဘယ်ရောက်ကုန်တာလဲဟင်.....
ငါက နင့်အချစ်ဆုံးပါ ဆိုတဲ့ အသုံးနှုန်း
ဘယ်ရာစုနှစ်မှာ ကျန်ခဲ့ပြီလဲ ချစ်သူရယ်....
နင်နဲ့ မတွေ့တဲ့အချိန်တိုင်း
ဘယ်ဘက်ရင်တစ်ခြမ်းက
မခံနိုင်အောင်နာကျင်နေခဲ့တာ
အလွမ်းဒဏ်ကို အန်တုရင်းနဲ့ပေါ့။
နင် သိပါစေလို့ ဆုမတောင်းပါဘူး
နင်မြင်ပါစေလို့ မပြောလိုပါဘူး
နင် ကြားပါစေလို့လဲ ဆန္ဒမပြုတော့ပါဘူး
နင် နားလည်ပါစေလဲ မဆိုတော့ပါဘူးဟာ။
အသိုင်းဝိုင်းနဲ့ မိဘကြား
နင့်ကို သနားရသလို
ငါ့အသိုင်းဝိုင်း ငါ့မိဘ ကြား
ငါလဲမြေဇာပင်ဖြစ်နေတာမို့ပါ ချစ်သူရယ်..
နင်နဲ့ငါ ချစ်စတုန်းက
ဒီလိုအဖြစ်တွေဖြစ်လာမယ်ဆိုတာ သိရင်
ငါတို့ နောက်ဆုတ်ခဲ့ပါတယ်
ခုတော့ဟာ.........
ဆုလေးနွယ်
ငါတို့နှစ်ယောက်သာ.....
Written By MyanmarChnnel@ on Sunday, October 13, 2013 | 7:47 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
Labels:
(ဆုလေးနွယ်),
ကဗျာ
0 comments:
Post a Comment