အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ဒဏ်ရာများနဲ့ နှလုံးသား

ဒဏ်ရာများနဲ့ နှလုံးသား

Written By MyanmarChnnel@ on Wednesday, May 7, 2014 | 7:21 PM

ည…
မဟောင်းနွမ်းတဲ့ အသစ်တို့နဲ့
အခုတစ်ခါလဲ ရောက်ခဲ့ပြန်ပေါ့။

နေ့နေ့ညညပြောင်း
အချိန်တွေသာ ဟောင်းခဲ့ပေမယ့်
မမေ့နိုင်တဲ့ ဒီအလွမ်းတွေက
ငါ့ရင်ကို တိုးဝှေ့
အရာရာက အသစ်အတိုင်းပါပဲ။

မင်း ထားရစ်ခဲ့တဲ့ ဒီနေရာဟောင်းမှာ
သတိရတိုင်း ငါရောက်နေပေမယ့်
အချစ်သစ်တွေကြားမှာ ပျော်မြူးနေမယ့်
မင်းအပြုံးတွေကို ငါနာကျင်လိုက်တာ…

အသက်မဲ့တဲ့ ဒီဂုဏ်ပကာသနတွေက
ငါ့အချစ်တွေထက် တန်ဖိုးရှိလား
ငါ မသိပေမယ့်
မင်းကို မေ့မရတဲ့ အလွမ်းတွေနဲ့
ငါ လွမ်းတိုင်း သတိရတိုင်းမှာ
ငါ့ ရင်ဘတ်ကို ဓားနဲ့ခွဲ
မီးရဲရဲမှာ ပစ်ချချင်တယ်။

အမှတ်သည်းခြေ မရှိတဲ့
ဒီနှလုံးသားတစ်စုံကြောင့်
နေ့နေ့ညည မှန်း
ငါ လွမ်းရတဲ့ အချိန်တွေ
လျော်ကြေးသာပြန်တောင်းလို့ရရင်
တောင်းပစ်ချင်ပါရဲ့… ။

မင်းနဲ့မှ ကျရှုံးခဲ့တဲ့ ငါ့နှလုံးသား
အဆိပ်လူးမြှားနဲ့ ပစ်ပြီး
ဟိုး…စကြာဝဠာအပြင်ဘက်
လွှင့်လိုက်ချင်တယ်။

လွမ်းဆုလေး

Admin - Lwan Su Lay
facebook - https://www.facebook.com/saunghnin.chitthu
website - http://lwansulay.blogspot.com/
http://lwansaung.blogspot.com/
 ( လွမ်းဆုလေး )


Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်