ဝင်လာတုန်းက အသိမပေးပဲ
တံခါးမခေါက်ဝင်ရောက်ခဲ့ ပြီးမှ
ပြန်အထွက်မှာ ဘာလို့ လုပ်နိုးခဲ့ရတာလဲ
ငါ့နှလုံးသား အိပ်မောကျနေတာကို
အသာလှုပ်နိုး ကြင်နာတွေပေးပြီးတော့
နှုတ်ဆက်ပါတယ် စကားလုံးနဲ့
ထားခဲ့ရက်တယ်နော် ...
ငါမနိုးချင်ဘူး
ငါ နိုးလာရင် အလွမ်းသံသရာမှာ
ငါ ကျင်လည်ရအုံးမယ် ။
ချစ်သူရယ်......
ဝင်ချင်သလို ၀င်လာပြီးမှ
ပြန်ထွက်ဖို့ကျမှ ကိုယ့်နှလုံးသားကို
နိုးခဲ့ရလား ကွာ ......
ဆုလေးနွယ်
နိုးခဲ့ရက်တယ်နော်
Written By MyanmarChnnel@ on Sunday, October 20, 2013 | 9:18 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
Labels:
(ဆုလေးနွယ်),
ကဗျာ
0 comments:
Post a Comment