မိန်းကလေးဆိုတာ
ပန်းတစ်ပွင့်ဆိုပါလျှင် ...
ပန်းတကာထဲက
နှင်းဆီလေးနဲ့တင်စားပါမည်။
နှင်းဆီမှာ ရှိတဲ့ဆူးက
သူ့အလှတရားအတွက်
အကာကွယ်ပေးသလိုမျိုး ...
မိန်းကလေးတိုင်းမှာ
ရှိသင့်တဲ့ မာနကလဲ
ကိုယ့်ဘ၀အတွက်
အကာအရံတစ်ခုမို့
မာနကြီးတယ်ဆိုပြီး
လူအလယ် နှိမ့်မချစေချင်ဘူး။
မာန နဲ့ ဆူး
အသွင်ချင်းမတူပေမယ့်
အခြံရံချင်းတော့ တူပါတယ်
ကိုယ့်ဘ၀ ကိုယ့်အလှ အတွက်
ဆူးနဲ့တူသော မာနကို
သခင်တစ်ယောက်အတွက်
ထားခဲ့တာမို့ပါ။
ဆုလေးနွယ်
မာန နဲ့ ဆူး
Written By MyanmarChnnel@ on Sunday, October 20, 2013 | 9:18 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
Labels:
(ဆုလေးနွယ်),
ကဗျာ
0 comments:
Post a Comment