အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ရှင်တော်မြတ် ဗုဒ္ဓကိုယ်တော်တိုင် ဟောကြားထားသော မိတ်ဆွေစစ် (၁၆) ယောက်

ရှင်တော်မြတ် ဗုဒ္ဓကိုယ်တော်တိုင် ဟောကြားထားသော မိတ်ဆွေစစ် (၁၆) ယောက်

Written By MyanmarChnnel@ on Wednesday, December 11, 2013 | 8:22 PM

(က) ဥပကာရက မည်သော ကျေးဇူးပြုတတ်သော မိတ်ဆွေစစ် (၄)ယောက်

၁။ မိမိက နေမကောင်းလျှင်၊ ဒုက္ခရောက်နေလျှင် စောင့်ရှောက်တတ်သော မိတ်ဆွေစစ်။
၂။ မိမိက မေ့လျော့တတ်လျှင် စည်းစိမ်ဥစ္စာကိုစောင့်ရှောက်တတ်သော မိတ်ဆွေစစ်။
၃။ မိမိက ကြောက်ရွံ့တတ်လျှင် အားကိုးအားထားရာဖြစ်သော မိတ်ဆွေစစ်။
၎။ မိမိက ပြုဖွယ် ကိစ္စရှိလာလျှင် လိုအပ်သည်ထက် နှစ်ဆ ကူညီတတ်သော မိတ်ဆွေစစ်။

(ခ) သမာနသုခဒုက မည်သော ဆင်းရဲအတူ ချမ်းသာအမျှ မိတ်ဆွေစစ် (၄)ယောက်

၁။ သူ၏ လျှို့ဝှက် ထားသော အကြောင်း ကိစ္စ ကို မိမိ အားသာ ပြောပြတတ်သော မိတ်ဆွေစစ်။
၂။ မိမိ၏ လျှို့ဝှက် ထားသော အကြောင်း ကိစ္စ ကို သူတစ်ပါးအား မပြောဘဲ နှုတ်လုံတတ်သော

မိတ်ဆွေစစ်။
၃။ အခက်အခဲ ဘေးရန် အန္တရာယ် နှင့် ကြုံတွေ့လာလျှင်မိမိ ကို စွန့်ပစ်မသွားတတ်သော

မိတ်ဆွေစစ်။
၎။ မိမိ အကျိုး အတွက် အသက်ကိုပင် စွန့်နိုင်သော မိတ်ဆွေစစ်။

(ဂ) အတ္ထက္ခာယီ မည်သော အကျိုးရှိသောစကားကိုသာ ပြောသော မိတ်ဆွေစစ် (၄)ယောက်

၁။ မကောင်းမှု မပြုရန် တားမြစ်တတ်သော မိတ်ဆွေစစ်။
၂။ ကောင်းမှု ပြုရန် တိုက်တွန်းတတ်သော မိတ်ဆွေစစ်။
၃။ မကြားဘူးသေးသော သိမ်မွေ့ နက်နဲ့သည့် အကြောင်း အရာ ပညာရပ်တို့ကို

ပြောကြားတတ်သော မိတ်ဆွေစစ်။
၎။ နတ်ရွာ နိဗ္ဗာန် ရောက်ကြောင်း လမ်းကောင်း လမ်းမှန် ညွှန်ပြ၍ ဓမ္မလမ်းကြောင်းပေါ်သို့

မရောက်ရောက်အောင် ပြောဆိုတတ်သော မိတ်ဆွေစစ်။

(ဃ) အနုကမ္ပက မည်သော အမြဲကြင်နာ စောင့်ရှောက်သော မိတ်ဆွေစစ် (၄)ယောက်

၁။ မိမိ၏ အကျိုးစီးပွားဆုတ်ယုတ် ပျက်စီးမှုကို မနှစ်သက်သောကြောင့် စိတ်ထဲမနေနိုင်ပဲ

ကူညီတတ်သော မိတ်ဆွေစစ်။
၂။ မိမိ၏ အကျိုးစီးပွား တိုးတက်ကြီးပွါးလျှင် ကျေနပ်နှစ်သက်တတ်သော မိတ်ဆွေစစ်။
၃။ တစ်ပါးသောသူက မိမိ၏ အကြောင်း မကောင်းပြောလျှင် မခံနိုင်ပဲ တားမြစ်တတ်သော

မိတ်ဆွေစစ်။
၎။ တစ်ပါးသောသူက မိမိ၏ ဂုဏ်ကျေးဇူးကို ချီးမြှောက်ပြောဆိုလျှင် ထောက်ခံပေးတတ်သော

မိတ်ဆွေစစ်။
----------------------
မိတ်ဆွေတို့လဲ သူတော်ကောင်း မိတ်ဆွေစစ်တို့နှင့် တွေ့ကြုံဆုံဆည်း၍ ဘ၀သံသရာလမ်းခရီး

မှန်ကန်ဖြောင့်ဖြူးနိုင်ကြပါစေလို့ ရည်ရွယ်၍...

 (ငရဲပြည်အကြောင်းသိကောင်းစရာ မှ ပြန်လည်ကူးယူမျှဝေပါသည်။)


Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်