အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ငရဲကြီးရှစ်ထပ်မှ တစ်ထပ်ချင်းစီ၏ နှစ်ကာလအပိုင်းအခြားများ---

ငရဲကြီးရှစ်ထပ်မှ တစ်ထပ်ချင်းစီ၏ နှစ်ကာလအပိုင်းအခြားများ---

Written By MyanmarChnnel@ on Wednesday, December 11, 2013 | 8:21 PM

၁။ သဥ္ဇိုဝ်း ငရဲ

- လူတို့၏ အနှစ်(၅၀)သည် စတုမဟာရာဇ်နတ်တို့၏ (၁)ရက် ဖြစ်သည်။
- စတုမဟာရာဇ်တို့၏ နတ်သက် (၅၀၀)သည် သိဉ္ဇိုဝ်း ငရဲ၌ (၁) ရက် ဖြစ်သည်။
- သိဉ္ဇိုဝ်းငရဲ (၁) ရက်မှာ လူတို့ အရေအတွက်အားဖြင့် အနှစ် 'ကိုးသန်း(၉၀၀၀၀၀၀)' ရှိသည်။
- သိဉ္ဇိုဝ်းငရဲသက်သည် အနှစ်ငါးရာ(၅၀၀) သက်တမ်းရှိသည်။ (ယင်းကို လူတို့၏ နှစ် လ အရေအတွက် တို့ဖြင့် တွက်သည်ရှိသော် 'ကုဋေပေါင်း တစ်သိန်းခြောက်သောင်းနှစ်ထောင်' ရှိသည်။)

၂။ ကာလသုတ် ငရဲ

- လူတို့၏ အနှစ်(၁၀၀)သည် တာဝတိံသာနတ်တို့၏ (၁)ရက်ဖြစ်သည်။
- တာဝတိံသာ နတ်တို့၏ နတ်သက်(၁၀၀၀)သည် ကာလသုတ်ငရဲ၌ (၁)ရက်ဖြစ်သည်။
- ကာလသုတ်ငရဲ(၁)ရက်မှာ လူတို့၏ အရေအတွက် အားဖြင့် 'သုံးကုဋေခြောက်သန်း' ရှိသည်။
- ကာလသုတ်ငရဲ၏ သက်တမ်းသည် အနှစ် (၁၀၀၀) ရှိသည်။ (ယင်းကို လူတို့၏ နှစ် လ အရေအတွက် တို့ဖြင့် တွက်သည်ရှိသော် 'ကုဋေပေါင်း ဆယ့်နှစ်သိန်းကိုးသောင်းခြောက်ထောင်' ရှိသည်။)

၃။ သံဃာတ ငရဲ

- လူတို့၏ အနှစ်(၂၀၀) သည် ယာမာနတ်တို့၏ (၁)ရက် ဖြစ်သည်။
- ယာမာနတ်တို့၏ နတ်သက်(၂၀၀၀)သည် သံဃာတငရဲ၌ (၁)ရက် ဖြစ်သည်။
- သံဃာတငရဲ (၁)ရက်မှာ လူတို့နှစ်အရေအတွက်အားဖြင့် (၁၄)ကုဋေ (၄)သန်းရှိသည်။
- သံဃာတငရဲ၏ သက်တမ်းသည် အနှစ် (၂၀၀၀)ဖြစ်သည်။ (ယင်းကို လူတို့၏ နှစ် လ အရေအတွက် တို့ဖြင့် တွက်သည်ရှိသော် (၁,၀၁၀,၈၈၀,၀၀၀,၀၀၀,၀၀၀) ရှိသည်။)

၎။ ရေရုဝ ငရဲ

- လူတို့၏ အနှစ်(၄၀၀)သည် တုသိတာ နတ်တို့၏(၁)ရက် ဖြစ်သည်။
- တုသိတာနတ်တို့၏ နတ်သက် (၄၀၀၀)သည် ရောရုဝ ငရဲ၌ (၁)ရက်ဖြစ်သည်။
- ရောရုဝ ငရဲ (၁)ရက်မှာ လူတို့၏ နှစ် အရေအတွက်အားဖြင့် (ငါးဆယ့်ခုနှစ်ကုဋေ ခြောက်သန်း)

ရှိသည်။
- ရောရုဝ ငရဲ၏သက်တမ်းသည် အနှစ်(၄၀၀၀) ဖြစ်သည်။

၅။ မဟာရောရုဝ ငရဲ

- လူတို့၏ အနှစ် (၈၀၀)သည် နိမ္မာနရတိနတ်တို့၏ (၁)ရက်ဖြစ်သည်။
- နိမ္မာနရတိနတ်တို့၏ နတ်သက် (၈၀၀၀)သည် မဟာရောရုဝငရဲ၌ (၁)ရက်ဖြစ်သည်။
- မဟာရောရုဝငရဲ (၁)ရက်မှာ လူတို့ နှစ်အရေအတွက်အားဖြင့် (၂၃၀)ကုဋေ (၄)သန်းရှိသည်။

၆။ တာပန ငရဲ

- လူတို့၏ အနှစ် (၁၆၀၀)သည် ပရနိမ္မိတ၀ဿဝတ္ထိနတ်တို့၏ (၁)ရက်ဖြစ်သည်။
- ပရနိမ္မိတ၀ဿဝတ္ထိနတ်တို့၏ သက်တမ်း (၁၆၀၀၀)သည် တာပနငရဲ၌ (၁)ရက်ဖြစ်သည်။
- တာပနငရဲ (၁)ရက်မှာ လူတို့နှစ်အရေအတွက်အားဖြင့် (၉၂၁)ကုဋေ (၆)သန်းရှိသည်။
- တာပနငရဲ သက်တမ်းသည် အနှစ် (၁၆၀၀၀)ရှိသည်။

၇။ မဟာတာပန ငရဲ

- မဟာတာပနငရဲသက်တမ်းမှာ "အန္တရကပ် တစ်ဝက်" ရှိပါသည်။
(အန္တရကပ် (၁) ကပ် တွင် လူတို့၏ နှစ်ပေါင်း '၇' အနောက်တွင် 'သုံည' အလုံးပေါင်း (၁၄၀) ရှိပါသည်။)

၈။ မဟာအ၀ီစိ ငရဲ

--- အ၀ီစိငရဲ၏ သက်တမ်းသည် ၀ိဝဋ္ဋဌာယီကပ် တစ်ကပ်ကြာသည်။(ကမ္ဘာ့ သက်တမ်းနှင့် ညီမျှသည်။)
- ကမ္ဘာတစ်ကမ္ဘာ၏သက်တမ်း = ၀ိဝဋ္ဋဌာယီကပ် (၁) ကပ်
- ၀ိဝဋ္ဋဌာယီကပ် (၁) ကပ် = အသင်္ချေယျကပ် (၄) ကပ်
- အသင်္ချေယျကပ် ၁ ကပ် = အန္တရကပ် (၆၄) ကပ်
- (အန္တရကပ် (၁) ကပ် တွင် လူတို့၏ နှစ်ပေါင်း '၇' အနောက်တွင် 'သုံည' အလုံးပေါင်း (၁၄၀)

ရှိပါသည်။)

=====

-ထို့ကြောင့် လူ့ဘ၀အနှစ် ၁၀၀ ဆိုတာ ဘယ်လောက်တောင်မှ တိုတောင်းလွန်းသလဲဆိုတာ အထင်အရှားပါဘဲ မိတ်ဆွေတို့...။ အဲ့ဒီလို တိုတောင်းလှလွန်းတဲ့ အချိန်အတွင်းမှာ အကုသိုလ်တရားကို မတိုးပွားအောင်တားမြစ်မယ်၊ ကုသိုလ်တရားတွေကို တိုးပွားအောင်ပြုကာ အပါယ်ဘေးမှ လွတ်မြောက်ကာ သံသရာမှ လွတ်ကြောင်းအမှန်ဖြစ်သော
သစ္စာလေးပါးမြတ်တရားကို နာကြားသိမြင်လျက် သံသရာ ၀ဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ကြပါစေလို့ အထူးပင်တိုက်တွန်းနှိုးဆော်အပ်ပါသည် ခင်ဗျား ။။။

-by Koe Tiger
( ငရဲပြည်အကြောင်းသိကောင်းစရာမှ ပြန်လည်ကူးယူမျှဝေပါသည်။)






Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်