သွားစမ်းပါ ....
အပေါ်ယံအချိုသတ်
စကားကိုသကာလူး
မြင်သူတကာအားကျအောင်
ဟန်ဆောင်တတ်တဲ့ မင်းအကျင့်တွေ
ဟိုး ဆယ့်နှစ်ရာစုမှာ သွားချန်ခဲ့။
ငါ့ကို လှိမ့်ချင်တိုင်း လှိမ့်ရအောင်
ငါက နင်ကစားနေတဲ့
ဘောလုံးမဟုတ်ဘူး
လူ အစစ်ပါ ။
ငါ့မှာဦးနှောက်တွေရှိတယ်
ငါတွေးတတ်တယ်
ငါ့မာနတွေ လှိုင်းထလာအောင်တော့ မလုပ်နဲ့
ငါ ဒေါသငွေ့တွေ မစွန်းချင်ဘူး ။
နင် တွေ့ဖူးသမျှမှာ
ငါ က အဆန်းဆုံးဖြစ်ချင်လဲ ဖြစ်မယ်
အညံ့ဆုံးလဲ ဖြစ်ချင်ဖြစ်မယ်
တစ်ခုတော့ရှိတယ်
ငါက အသဲစားတဲ့ဘုရင်မ ဆိုတာတော့
မြဲမြဲမှတ်ထား ။
ငါ့ကို မကစားနဲ့
နင်ပြာကျသွားမှာ
အေးအေးဆေးဆေးပဲနေပါ
ငါ မရက်စက်ချင်ဘူး ....
ဆုလေးနွယ်
ကြိုးစားပါအုံးမည်။
ငါမရက်စက်ချင်ဘူး
Written By MyanmarChnnel@ on Sunday, July 21, 2013 | 2:36 AM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
Labels:
(ဆုလေးနွယ်),
ကဗျာ
0 comments:
Post a Comment