အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » ထွက်သွားမယ်ဆိုရင် ...........

ထွက်သွားမယ်ဆိုရင် ...........

Written By MyanmarChnnel@ on Saturday, July 20, 2013 | 9:52 PM


၁ နဲ့ ၁ ပေါင်း ၃ မရနိုင်သလို
အချစ်နဲ့ အချစ်ပေါင်း
အမုန်းတော့မရစေချင်ဘူး။

တကယ်လို့များ .....
တစ်စုံတစ်ရာ အကြောင်းများကြောင့်
ဝေးကွာရမယ် ဆိုတောင် ..

နီးရက်နဲ့ ဝေးရတဲ့
၃ နဲ့ ၄ လိုကျောချင်းကပ် ထားမယ့်အစား
ငါ့ရင်ကိုခွဲ ငါ့နှလုံးသားထုတ်
အမုန်းမြေမှာ နင်ရာဇသံ ပြင်းပြင်းနဲ့
အပြီးတိုင်မြေမြုပ်ပေးပါ။

ကြိုးအားလုံးမှာ ဖြတ်ရခက်တာ
သံယောဇဉ်ကြိုး ...
ဒါကို ဖြတ်ဖို့ အကြင်နာမဲ့ လမ်းပေါ်
တစ်ချက်မကြည့် ပစ်ထားပေးပါ။

နူးညံ့နေတဲ့ ချစ်ချင်းတွေကို
အဆုံးစီရင်ဖို့
တစ်သက်တာ နာကျင်နေအောင်
ရက်စက်မှုကို နင်လုပ်ပေးပါ။

တွယ်တာလွန်းနေတဲ့ င့ါစိတ်တွေကို
နင်ကိုတိုင် ရာဇဒဏ်ပေး
နင်ကိုယ်တိုင်ပဲ အပြစ်ချမှတ်မှ
အသစ်တစ်ဖန် မဖြစ်နိုင်တော့တဲ့
ငါ့အချစ်တွေကို ငါ မြေမြုပ်ထားနိုင်မှာပါ။

နင်မရှိတဲ့နောက် အလွမ်းခန်းငယ်လေးမှာ
ငါ အကြိမ်ကြိမ်သေဆုံးရင်း
နင်ပေးတဲ့ အမိန့် နင်စေခဲ့တဲ့အတိုင်း
နင်တစ်ယောက်သာရှိတဲ့
ငါ့ရင်မှာ သေဆုံးသည်ထိ
ငါ တစ်ယောက်ထဲ ဖက်တွယ်ထားမှာပါ......
 
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်