ဒီတစ်သက်လုံး တို့မခွဲဘူး
ကတိတွေထားခဲ့ကြပေမယ့်
မာယာများတဲ့ လောကကြီးမှာ
ငါတို့နှစ်ယောက် အတူရှိခွင့်
နှစ်သိမ့်ခွင့် မရှိခဲ့ဘူး ချစ်သူရယ်....
နှုတ်မဆက်ချင်ဘူးဆိုပေမယ့်
အချိန်တန်ရင် ပြန်မယ်နော် ဆိုတဲ့
နှုတ်ဆက်သံ တစ်ခွန်းကို
သေမလောက်ကြောက်တတ်တဲ့
ရင်မဆိုင်နိုင်သူဖြစ်နေပြီချစ်သူရယ် ....
ချစ်သူနားမှာ မှီနေခွင့်လေး
မက်မောစွာ တမ်းတမိပေမယ့်
နေခွင့်မရသေးတဲ့ အဖြစ်မှာ
အားငယ်ဝမ်းနည်းလာတိုင်း
ရူးသွပ်စွာတမ်းတမိတာလဲ
နင့်ရင်ခွင်ပါပဲချစ်သူရယ်....
နင်သိလား ....
တစ်ခါတစ်ရံ ငါတွေးမိတယ်
ငါဘာအပြစ်ရှိခဲ့လို့များ
ဒဏ်ခတ်ခဲ့တာလဲလို့လေ
နင့်နားမှာနေချင်ပေမယ့်
နေခွင့်မရတဲ့ငါ ....
နင်ဘေးနားမှာ ငါစိတ်ဝိဥာဉ်တွေနဲ့
အမြဲရောက်နေတတ်သူပါ
ချစ်သူရယ်.......
အလွမ်းတွေနဲ့ စောင့်
အလွမ်းတွေနဲ့ ငို
အလွမ်းတွေနဲ့ မျှော်ရင်း
အလွမ်းမင်းသမီး ဖြစ်လို့ ဖြစ်မှန်းမသိ
ငါ ဖြစ်နေခဲ့ပါပြီ ချစ်သူရယ်....
ဆုလေးနွယ်
ကတိတွေထားခဲ့ကြပေမယ့်
မာယာများတဲ့ လောကကြီးမှာ
ငါတို့နှစ်ယောက် အတူရှိခွင့်
နှစ်သိမ့်ခွင့် မရှိခဲ့ဘူး ချစ်သူရယ်....
နှုတ်မဆက်ချင်ဘူးဆိုပေမယ့်
အချိန်တန်ရင် ပြန်မယ်နော် ဆိုတဲ့
နှုတ်ဆက်သံ တစ်ခွန်းကို
သေမလောက်ကြောက်တတ်တဲ့
ရင်မဆိုင်နိုင်သူဖြစ်နေပြီချစ်သူရယ် ....
ချစ်သူနားမှာ မှီနေခွင့်လေး
မက်မောစွာ တမ်းတမိပေမယ့်
နေခွင့်မရသေးတဲ့ အဖြစ်မှာ
အားငယ်ဝမ်းနည်းလာတိုင်း
ရူးသွပ်စွာတမ်းတမိတာလဲ
နင့်ရင်ခွင်ပါပဲချစ်သူရယ်....
နင်သိလား ....
တစ်ခါတစ်ရံ ငါတွေးမိတယ်
ငါဘာအပြစ်ရှိခဲ့လို့များ
ဒဏ်ခတ်ခဲ့တာလဲလို့လေ
နင့်နားမှာနေချင်ပေမယ့်
နေခွင့်မရတဲ့ငါ ....
နင်ဘေးနားမှာ ငါစိတ်ဝိဥာဉ်တွေနဲ့
အမြဲရောက်နေတတ်သူပါ
ချစ်သူရယ်.......
အလွမ်းတွေနဲ့ စောင့်
အလွမ်းတွေနဲ့ ငို
အလွမ်းတွေနဲ့ မျှော်ရင်း
အလွမ်းမင်းသမီး ဖြစ်လို့ ဖြစ်မှန်းမသိ
ငါ ဖြစ်နေခဲ့ပါပြီ ချစ်သူရယ်....
ဆုလေးနွယ်
0 comments:
Post a Comment