အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » နင်ပေးတဲ့ အမိန့်

နင်ပေးတဲ့ အမိန့်

Written By Anonymous on Thursday, July 4, 2013 | 9:14 AM




ရင်မှာအံကြိတ် အသံတိတ်ငို
ဘယ်သူမှမမြင်ရတဲ့ နှလုံးသွေးတွေ
ပူပြင်းစွာ ပင်လယ်ဖြစ်လို့
မီးတောင်ကချော်ရည်တွေလို
ငါ့ရင်တွေ ပူလောင်လှတယ် .......

မစခင် မတွေးမိတဲ့ငါ့အမှား
ဒုတိယမှားတာ ငါ့ဦးနှောက်
တတိယမှားတာ ငါ့ နှလုံးသား
ဘယ်အရာမဆို အရင်တွေးရမယ် ဆိုတာ
မေ့ချင်တဲ့ ဒီ ဦးနှောက်
သေလောက်အောင် မှတ်ထားပေတော့ ....


နင့်စကားတစ်ခွန်းထဲနဲ့
ငါ တစ်စီ မှုန့်နေအောင်နာကျင်ကြေကွဲ
ခံနိုင်ရည်မရှိတဲ့
ဒီရင်ဘတ် ဘယ်လိုဆုံးမရမလဲ .......

မစခင်ထဲက ရှုံးခဲ့တဲ့ အရှုံးတွေ
ထပ်ရှုံးတော့လဲ ငါ မမှုတော့ပါဘူး
ငါနင့်ဆီက အရမ်းချစ်တယ် ဆိုတဲ့စကားတစ်ခွန်းနဲ့
ငါ့ ဘ၀အတွက်လုံလောက်နေပြီပဲဟာ......

ငါ မရက်စက်တတ်ပါဘူး
ငါ ကြင်နာတတ်ပါတယ်
ငါ ချစ်တတ်ပါတယ်
သူတစ်ပါးပျော်ဖို့
ငါ ၀မ်းနည်းမှုတွေ အစားထိုးခံယူထားတဲ့သူပါ ......

ငါ အရမ်းချစ်တဲ့ နင့် အပေါ်မှာဆို
ဘာပြောဖွယ် ရှိအုံးမှာလဲ ဟာ
နင် ကြိုက်သလိုသာ ဆုံးဖြတ်ပါ တော့ ......
နင်ပြောတဲ့ စကားလုံးတိုင်းအောက် ငါဒူးထောက်လျှက်ပါပဲ.....

နင်ချတဲ့အမိန့်အောက် ခေါင်းငုံ့ လို့
ငါလည်းစင်း ပြီး နာခံနေဆဲ
လိုက်နာနေဆဲပါ ပဲချစ်သူရယ်.....


                                                                    ဆုလေးနွယ်
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်