မချစ်လို့ ထားခဲ့တာမဟုတ်ပါဘူး
ချစ်ရက်နဲ့ ခွဲခဲ့ရသူပါ ..
ရင်ခွင်ဟောင်းကိုမေ့
အသစ်တွေ့လို့ ပြောင်းလဲသွားတာလဲမဟုတ်ပါဘူး
မင်းကို ချစ်တဲ့ အချစ်များနဲ့
နိဂုံးချုပ်မယ့်သူပါ ..
၁ ရယ် လို့ မ စ ရသေးခင်
အဆုံးရယ်သို့ ရောက်စေခဲ့တဲ့
ရိုင်းစိုင်းတဲ့ ကံကြမ္မာတို့ကြောင့်
ငိုကြွေးခဲ့ ငါ့မျက်ရည်စတို့
ငါ့ရင်မှာ သိမ်းဆည်း
မင်းသိအောင် မပြောပြရက်ခဲ့တာပါ ...
နာကျင်မှုကို သိမ်း
ရင်တစ်ခုလုံး မီးတောင်ပမာ
ကျွမ်းလောင်ကာ တစ်စ တစ်စ
ပြာကျနေပေမယ့်
ဝေဒနာကို မျိုသိပ်
အံကြိတ်ခံရင်း
မင်းအနားပဲ ရှိနေချင်တာပါ ..
လွမ်းဆုလေး
ချစ်ရက်နဲ့ ခွဲခဲ့ရသူပါ ..
ရင်ခွင်ဟောင်းကိုမေ့
အသစ်တွေ့လို့ ပြောင်းလဲသွားတာလဲမဟုတ်ပါဘူး
မင်းကို ချစ်တဲ့ အချစ်များနဲ့
နိဂုံးချုပ်မယ့်သူပါ ..
၁ ရယ် လို့ မ စ ရသေးခင်
အဆုံးရယ်သို့ ရောက်စေခဲ့တဲ့
ရိုင်းစိုင်းတဲ့ ကံကြမ္မာတို့ကြောင့်
ငိုကြွေးခဲ့ ငါ့မျက်ရည်စတို့
ငါ့ရင်မှာ သိမ်းဆည်း
မင်းသိအောင် မပြောပြရက်ခဲ့တာပါ ...
နာကျင်မှုကို သိမ်း
ရင်တစ်ခုလုံး မီးတောင်ပမာ
ကျွမ်းလောင်ကာ တစ်စ တစ်စ
ပြာကျနေပေမယ့်
ဝေဒနာကို မျိုသိပ်
အံကြိတ်ခံရင်း
မင်းအနားပဲ ရှိနေချင်တာပါ ..
လွမ်းဆုလေး
0 comments:
Post a Comment