သံယောဇဉ်နဲ့ တည်ထား
နှလုံးသားနဲ့ ဖွဲ့နှောင်
ချည်နှောင်မိသည့် ဒီကြိုး ..
မြတ်နိုးနေမိမှန်းမသိ
တွယ်တာသည့် စိတ်များ
နှလုံးသားက နားမလည် ..
ရှင်သန်တဲ့ ချစ်စိတ်
တိုးသိပ်စွာ နွယ်ရစ်ခဲ့
နှလုံးသားက သိလျှင်
အလွန်ပင်နောက်ကျ ..
နောင်တဖြင့်ငိုကြွေးနေ
သောကဖြင့် ဖြေမဆည်နိုင်သမျှ
မေ့ ဘ၀ရဲ့ အဖြစ်များ
မေ့ သက်ထား မသိစေသင့် ..
မေ့ သက်ထား မသိစေသင့် .. ။
လွမ်းဆုလေး
(ကိုးတန်း ကျောင်းသူဘ၀က ဖတ်ဖူးသော ကဗျာပုံစံလေးအား ရေး သားခြင်းဖြစ်ပါသည်။ ထိုကဗျာမှ စာသားတစ်ချို့လဲ ပါဝင်ကြောင်း ၀န်ခံအပ်ပါသည်။ ဒီကဗျာလေးကို အရမ်းကြိုက်လို့ပါ ။ )

0 comments:
Post a Comment