ကြက်ဟင်းခါးသီးဆိုသည့်အတိုင်း နာမည်နှင့်လိုက်ဖက်အောင် သူ၏အရသာမှာ
အတော်အတန်ခါးတာကို စားဖူးသူတိုင်း သိကြမှာပါ။ ကြက်ဟင်းခါးပင်တို့ ဟာ
ခြောက်သွေ့စိုစွတ်သောရာသီဥတုကိုကြိုက်နှစ်သက်တဲ့အတွက်ကြောင့် အရှေ တော့င်
အာရှနိုင်ငံ၏ ဟင်းသီးဟင်းရွက်အဖြစ်
လူသိများပါတယ်။ တောင်အမေရိကတိုက်တွင်လဲ တွေ့ ရတတ်ပါတယ်။ ကြက်ဟင်းခါး ပင်၏
အလွန်သေးငယ်သော
ပင်စည်များက နွယ်ပင်နှာမောင်းများဖြင့်တွားသွား၍
ပေါက်ရောက်ရှင်သန်ကြပြီး၊ နွယ်တက်ရန် စင်ခံ၍စိုက်ပျိုးပေးပါက၊
ကောင်းစွာဖြစ်ထွန်း၏။ သဘာဝအလျောက် အသီး၏အပြင်ဘက်တွင် အဖုအထစ်များဖြင့်
ရုပ်ဆိုးသည် ဟု ဆိုနိုင်ပါသည်။ ထိုအဖုအထစ်များ စိပ်လျှင်အရသာမှာ ပိုခါး၍၊
အဖုအထစ်ကျဲပါက အခါးသက်သာပါသည်။ ယေဘုယျ အားဖြင့်
ကြက်ဟင်းခါးသီးအမျိုးအစား(၂)မျိ
ုးရှိပါသည်။
(၁)၂၀-စင်တီမီတာထိရှည်လျားသော အရှည်သီးမျိုးသည် အစိမ်းရောင် ဖျာ့ကာ၊
အရသာမှာအခါးလျော့ပါသည်။ (၂) နောက်တစ်မျိုးမှာ ၁၀-စင်တီမီတာ ခန့် သာရှည်ပြီး
အစိမ်းပုပ်ရောင် ဖြစ်ကာ အောက်ခြေတွင် ဘဲဥပုံသဏ္ဍာန်ရှိပါသည်။
ထိုအသေးမျိုးသည် အကြီးမျိုးထက် အရသာ ပိုခါးပါသည်။ ကြက်ဟင်းခါးသီးတို့ သည်
မှည့်သွားသောအခါ ၀ါလိမ္မော်ရောင်ပြောင်းသွားပြီး၊ အခါးဓာတ်လဲ ပိုလာပါတတ်လို့ 
အသီးမမှည့်ခင် အပင်မှခူးဆွတ်ပေးရပါမယ်။ ကြက်ဟင်းခါးသီးထဲတွင်
အချွန်အတက်များဖြင့် အတန်ငယ်မာကျောသော အဖြူရောင် အစေ့များပါရှိပါတယ်။
ဘူးသီးစေ့ နှင့် ခပ်ဆင်ဆင်တူပါသည်။ အသီးမှည့်သွားတဲ့အခါ၊ အထဲတွင်ရှိသော
အစေ့သည် အနီရောင်သို့  ပြောင်းသွားကြပါတယ်။ အခါး ဓာတ်ပြေပျောက်စေရန်အတွက်
မချက်ပြုတ်မီ လိုအပ်သည့်ပုံစံလှီးဖြတ်ပြီး၊ ဆားရည်ထဲတွင် နာရီဝက် ခန်
့ကြိုတင်၍ စိမ်ပေးထားရပါမယ်။ ကြက်ဟင်းခါးသီးကို ပုစွန်ခြာက်မှုန့် 
ဖြင့်ကြော်စားသြသလို၊ မြေပဲထောင်းဖြင့်လည်း သက်သက်လွတ်
ကြော်စားနိုင်ပါသည်။ ၀က်သားနုပ်နုပ်စင်းကာ ကြက်ဟင်းခါးသီးအစာသွပ်အဖြစ်
နှပ်စား၍သော်လည်းကောင်း၊ ရေလုံပြုတ် (သို့  မဟုတ်)မီးအုံ၍သော်လည်းကောင်း
ငပိရည်အတို့ အမြုံ့ အဖြစ်စားနိုင်ပါတယ်။ ထိုအရသာခါးခါးလေးကဘဲ
ခံတွင်းမြိန်စေပါတယ်။
ကြက်ဟင်းခါးသီးနှင့်ကျန်းမာရေး။
ကြက်ဟင်းခါးသီးသည် လူသားတို့အတွက် သဘာဝတရားကပေးအပ်နှင်းသည့် ဆေးဘက်ဝင်
အသီးဖြစ်ပါသည်။ ရိုးရာကုထုံး များတွင် “ အမျိုးသားတို
့အတွက်ဆေးကောင်းတစ်လက် ” ဟုလည်းအဆိုရှိလေ၏။ ကြက်ဟင်းခါးသီးထဲတွင်
ကယ်လိုရီပါဝင်မှု
အလွန် နဲပါးသော်လဲဘဲ၊ တန်ဘိုးကြီးမားတဲ့
့အာဟာရဓာတ်များမြောက်များစွာပါရှိကြပါတယ်။ လူသားတို့ အတွက်မရှိမဖြစ်
လိုအပ်တဲ့ ဗီတာမင်နှင့်သတ္တုဓာတ်များဖြစ်ကြသော Vitamin A, B1, B2, B3,
Vitamin C, Iron, Calcium, Phosphorous, Copper, Potassium, Manganese တို
့စုဝေးရာ အရင်းအမြစ်လဲဖြစ်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝစွာ ပါရှိတဲ့အ့ပြင်၊
Insulin ဓာတ်ပေါင်း တစ်မျိုးဖြစ်တဲ့ Polypeptide P ဓာတ်လဲ ပါရှိပါသည်။
ကြက်ဟင်းခါးသီးထဲတွင်ပါရှိသော....
• Beta-Carotene သည် ပန်းဂေါ်ဖီစိမ်းတွင် ပါရှိမှုထက်(၂)ဆ ပိုပါရှိ၏။
• Calcium သည် ဟင်းနုနယ်တွင် ပါရှိမှုထက် (၂)ဆ ပိုပါရှိ၏။
• Potassium သည် ဌက်ပျောသီးတွင် ပါရှိမှုထက် (၂)ဆ ပိုပါရှိ၏။
(၁) သွေးကိုသန့် စင်စေပါတယ်။ သွေးအဆိပ်တက်၍ အသားများယားယံသောအခါများတွင်
ကြက်ဟင်းခါးသီးသတ္တုရည် နှင့် သံပုရာရည်တို့ ကို ဆတူရောကာ
ရေဆာတိုင်းသောက်သုံးပေးသင့်ပါတယ်။
(၂) ကာလ၀မ်းရောဂါဖြစ်သောအခါ၊
ကြက်ဟင်းခါးပင်၏အရွက် သတ္တုရည် (၂)ဇွန်း၊ ကြက်သွန်နီသတ္တုရည်(၂)ဇွန်း၊
သံပုရာရည် (၁)ဇွန်း တို့ ရောစပ်၍
ရောဂါမပျောက်မချင်းသောက်သုံးပေးနိုင်ပါတယ်။
(၃) ကြက်ဟင်းခါးသီးထဲတွင်
insulin ဓာတ်အပြည့်အ၀ပါရှိသောကြောင့် သွေးနှင့်ဆီးထဲရှိ ဂလူးကို့ စ်
ပမာဏကို ချပေးပါတယ်။ အခါးကြောက်သော သွေးချိုရောဂါဝေဒနာရှင်များသည်
နံက်တိုင်း ကြက်ဟင်းခါးသီးသတ္တုရည်ကို ပျားရည် (သို့ မဟုတ်) မုန်လာဥနီ (သို
့မဟုတ်) ပန်းသီးဖျော်ရည်တို့ ဖြင့် ရောစပ်၍ သောက်ပေးသင့်ပါတယ်။
ဆီးချိုရောဂါဝေဒနာသည် များသည် နံက်တိုင်း ကြက်ဟင်းခါးသီး သတ္တုရည်ကို
ပန်းသီးစိမ်းဖျော်ရည်ဖြင့် သောက်သုံးပေးခြင်းဖြင့် အကျိုးကျေးဇူးများစွာ
ရရှိစေမှာ အမှန်ပါ။
(၄) ကြက်ဟင်းခါးသီးကိုမှန်မှန်စာေးပးခြင်းဖြင့် ခွန်အားကိုတိုးပွားစေပြီး၊ သက်လုံကိုလဲကောင်းစေပါတယ်။
(၅) ဟင်းသီးဟင်းရွက်ထဲတွင်ပါရှိသော သဘာဝဓာတ်တစ်မျိုးဖြစ်တဲ့ အမျှင်ဓာတ်တို
့ပေါကြွယ်ဝစွာ ပါရှိခြင်းကြောင့် ၀မ်းချုပ် ခြင်းမှ ကာကွယ်ပေးပါတယ်။
ရိုးရားပရဆေးများတွင်ကြက်ဟင်းခါးသီးကို ၀မ်းနှုတ်ဆေးအဖြစ်
ဖော်စပ်လေ့ရှိကြတာပါ။
(ကျန်းမာရေးစာတိုများ စုစည်းထားမှု မှ ပြန်လည်ကူးယူတင်ပြပါသည်။)
Home »
ကျန်းမာရေး
» ကြက်ဟင်းခါးသီးနဲ့ ကျန်းမာရေး
ကြက်ဟင်းခါးသီးနဲ့ ကျန်းမာရေး
Written By MyanmarChnnel@ on Monday, October 28, 2013 | 8:28 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
Labels:
ကျန်းမာရေး
0 comments:
Post a Comment