အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » အကျိုးရှိရှိသုံးစွဲရင် ထိရောက်စွာအကျိုးရှိစေတဲ့ Facebook သုံးစွဲသူတို့စကားသံ

အကျိုးရှိရှိသုံးစွဲရင် ထိရောက်စွာအကျိုးရှိစေတဲ့ Facebook သုံးစွဲသူတို့စကားသံ

Written By MyanmarChnnel@ on Monday, November 25, 2013 | 1:50 AM


ယနေ့ကမ္ဘာကြီးဟာ နည်းပညာအသစ်အဆန်းတွေနဲ့ တစ်မှဟုတ်ချင်း ဖွံ့   ဖြိုးတိုးတက်နေတဲ့အပြင် လူမှုဘဝနေထိုင်မှုတွေမှာပါ လူ့အဖွဲ့အစည်းက ခေတ်မီပစ္စည်းတွေကို အကျိုးရှိစွာ သုံးစွဲကြပါတယ်။ အဲဒီ ထဲမှာ Facebook  သုံးစွဲပြီး Fanpage ဖွင့်ကာလူမှုကွန်ရက်ဖွဲ့ကြတဲ့ အွန်လိုင်းနည်းပညာ ယဉ်ကျေးမှုက အများဆုံးဖြစ်သလိုအကောင်း အဆိုးတွေလည်း ဒွန်တွဲရှိလို့နေတာ တွေ့ရပါတယ်။ ဒါကြောင့် နည်းပညာရပ်တွေ တိုးတက်ဖွံ့  ဖြိုးလာခြင်းနဲ့အတူ အသုံးချသူတို့အကြားမှာရှိတဲ့ ဖြစ်တည်မှု အနေအထား အကြောင်းကို မိမိစာဖတ်ပရိသတ်တွေ တိုက်ရိုက်ထိတွေ့ဆက်ဆံဖို့ ကိုယ်ပိုင် င်္ခေနဘသသု စာမျက်နှာများဖွင့်ထားတဲ့ အနုပညာရှင်တွေရဲ့ သုံးသပ်ပြောစကားတွေကို စုစည်းဖော် ပြလိုက်ပါတယ်။
ဒါရိုက်တာ ညိုမင်းလွင်-
“နည်းပညာနဲ့ အနုပညာက အချိုးကျ တယ်။ အခုက လူငယ်တိုင်း လိုလို ဖေ့စ်ဘုတ်သုံးကြတယ်။ ရှုတင် တစ်ခုကို ကတ်လို့ အော်လိုက်တာနဲ့ လူတိုင်းလက်ထဲ ဖုန်းတွေရော က် သွားတာ။ ဒါဟာ ပစ်ပယ်လို့မရတဲ့ တစ်ခုဖြစ် လာတယ်။ အဲဒါလေးကို အကျိုးရှိစွာ အသုံးချတတ်ဖို့ပဲ လိုတာပါ။ နည်းပညာနောက်ကိုပဲ တအားစွတ်လိုက်သွားပြီး အနု ပညာ မကျန်ခဲ့မှာပဲ စိုးတာပါ”
နေတိုး-
“ဒီလိုမျိုးအနုပညာရှင်တွေ အနေနဲ့ Fanpage    တွေ အသုံးပြု လာကြတဲ့အတွက် တအားကို ဝမ်းသာမိပါတယ်။ ကျွန်တော်တို့အနုပညာ ဖြတ်သန်းတဲ့အချိန်မှာ တစ်ခါတေ လ ပရိသတ်တွေ ကြိုက်မှကြိုက်ပါ့မလားဆိုတဲ့ အတွေး နဲ့ဖြတ်သန်းကြတယ်။ အခုချိန်ဆိုရင် ကျွန်တော်တို့ ပရိသတ် တွေဆီက အကြံဥာဏ်လည်း တောင်းလို့ရတယ်။ ကိုယ်ရှေ့မှာ လုပ်မယ့် အနာဂတ်တစ်ခုကို ပရိသတ် တွေကို ဆုံးဖြတ် ခိုင်းလို့လည်းရတယ်။ သူတို့ဆီက အကြံဥာဏ်တောင်းလို့ လည်းရတဲ့ခေတ်တစ် ခေတ်ဖြစ်လာတော့ ပရိသတ်နဲ့ တစ်သားတည်းဖြစ်လာ တယ်လို့ ကျွန်တော်မြင်ပါတယ်။  Fanpage    က ကျွန်တော် တို့အနုပညာရှင်တွေ အတွက် အား တစ်ခုဖြစ်လာပါတယ်။ သူတို့ဆီက Comment  တွေနဲ့ ရှေ့ဆက်လျှောက်လှမ်းရတယ်ဆိုတာ အဓိပ္ပာယ် လည်းရှိပါတယ်။ အနုပညာကိုလုပ်ရ တဲ့အချိန်မှာ အဓိပ္ပာယ် လည်းဖြစ်စေတယ်။ ပရိသတ်ကို ဖျော်ြေ ဖမယ့် အလုပ်တစ်ခု ဖြစ်တဲ့အတွက် ဖျော်ဖြေတဲ့ အခါမှာ အဆင်ပြေတယ်။ အသစ်တစ်ခုကို ဖန်တီးမယ်ဆိုရင်လည်း ကြိုတင်ချပြလို့ ရတယ်။ Fanpage   က ကျွန် တော် တို့အတွက်အထောက်အကူ ဖြစ်စေတယ်လို့ ကျွန်တော် မြင်ပါတယ်။  Fanpage   ကို အနုပညာရှင်တွေသာမကပါဘူး။တစ်ကမ္ဘာလုံးမှာသုံးကြတာပဲ။ အခု ဆိုရင် အသက် အရွယ်မရွေး၊ ဆင်းရဲချမ်းသာ မရွေး သုံးလာကြတယ်။ ဒီအင်တာနက်က Virtual wallတစ်ခုလို့ ကျွန်တော် မြင်ပါတယ်။ ဒီ wall ထဲမှာပဲ တစ်ယောက်နဲ့တစ် ယောက် ထိတွေ့ခွင့်တွေ၊ ရင်းနှီးခွင့်တွေရကြတယ်။ လူသား အချင်းချင်း သိကျွမ်းခွင့်ဆိုတာအချိန်တိုအတွင်းမှာ မြန်ဆန် အောင် ဖြစ်ပေါ်လာတာနဲ့အမျှ ကမ္ဘာကြီးကပိုပြီးတော့ လုံခြုံမှု ပိုများလာမယ်။ အမှားတွေကို ပိုပြီးမြင်လာနိုင်မယ်လို့ကျွန်တော် မြင်ပါတယ်။  Fanpage   ကနေ အမြဲတမ်း ပရိသတ် စကားသံကို ကျွန်တော်နားထောင် ဖြစ် ပါတယ်”
မင်းသွေး-
“ကျွန်တော် ရန်ကုန်မှာ ပရိ သတ်တွေနဲ့ ၁၂ လပိုင်း၊ ဒါမှမဟုတ် ၁ လပိုင်းလောက် တွေ့နိုင်ဖို့ စဉ်းစားထားတယ်။ ပရိသတ်တွေကလည်း ကိုယ်ချစ်တဲ့ အနုပညာရှင်တွေ နဲ့ တွေ့ချင်ကြမှာပဲလေ။ အဲဒါကြောင့် Facebook  ကနေ ဝေဖန်ပေးမယ့် ပရိသတ်တွေကို အိမ်ကိုစာရေးပြီး ပို့ဖို့စီစဉ်ဖြစ်တာပါ။ တကယ် အား ပေးတဲ့ပရိသတ်တွေနဲ့ တွေ့ခွင့် ရတာပေါ့။ပရိသတ် ဆယ် ယောက်လောက်တော့တွေ့ဖို့စဉ်းစားထားတယ်။ ခြောက် လတစ်ခါလောက်တွေ့ဖို့ လုပ်ထားတယ်။ ပရိသတ်ဆီက ဝေဖန်မှုတွေပြန် ရမယ်။ ပျော်ရမယ်လို့လည်း ထင်ပါ တယ်။ Facebook ဆိုတာက လွတ်လပ်တဲ့ အိပ်မက်ကမ္ဘာကြီးပေါ့။ ကောင်းတာက ၇ဝ ရာခိုင်နှုန်း၊ မကောင်းတာက ၃ဝ ရာခိုင်နှုန်းပေါ့။ ပရိသတ်တွေနဲ့ အပြန်အလှန် တွေ့ဆုံခွင့်ရနိုင် တယ်လေ။ Fanpage   ဆိုတာ အနု ပညာသမားတိုင်းနီးပါးတော့ ရှိပါ တယ်။ အလှမ်းဝေးတဲ့ ပရိသတ်တွေ လည်း ကိုယ့် အနုပညာ လှုပ်ရှားမှုတွေ  သိနိုင်တယ်”
ဆုပန်ထွာ-
“ပရိသတ်တွေနဲ့ ဖေ့စ်ဘုတ်မှာ စကားပြော ဖြစ်လေ့တော့ရှိပါတယ်။ အရင်ကဆို အနုပညာလှုပ်ရှား မှုတွေကို ချက်ချင်းမသိရဘူးလေ။ အခု ခေတ်က တိုး တက်လာတာနဲ့ အမျှ ဖေ့စ်ဘုတ်ကနေ သိရတယ်။ မပန် ရဲ့ ဖေ့စ်ဘုတ်ကနေ အမြဲမပြတ်တင်ပေးလေ့ရှိတယ်။ ပရိသတ်တွေကဝေဖန်တဲ့ ကောမန့်တွေဆိုလည်း ကြည့် ဖြစ်တယ် သူတို့ရဲ့ အကြံဥာဏ်တွေ လည်း ယူဖြစ်တယ် ဒါကလည်း ပရိသတ်နဲ့ တိုက်ရိုက်ထိတွေ့ခွင့်ရ တယ်လေ။ သူတို့ ပြောချင်တာတွေ၊ ကိုယ့်ဘက်က သိရတယ်။ ဘာပဲဖြစ်ဖြစ်ကောင်း တဲ့တစ်ခုပါပဲ”
သူရိယ
“ကိုယ်လုပ်မယ့် အနုပညာ လှုပ်ရှားမှုတွေကို ဖေ့စ်ဘုတ်ပေါ်မှာ ကြိုတင်လိုက်တော့ ပရိသတ်တွေက ကြိုသိနိုင်တယ်။ အရင်ကဆို မလွယ် ဘူးလေ။ ဖေ့စ်ဘုတ်ရဲ့ အကျိုးေ ကျး ဇူးက အနုပညာရှင်တွေအပေါ် အများကြီး သက်ရောက်ပါတယ်။ အရာရာတိုင်းမှာတော့ အကောင်းနဲ့ အဆိုးဒွန်တွဲနေတာပဲ။ မလိုတဲ့ သူတွေရှိသလို၊ လိုတဲ့သူတွေလ ည်း ရှိတယ်။ ကိုယ့်ကို ဝေဖန်ထောက်ပြ တာတွေလည်း ရှိတယ်။ ကိုယ့်အလုပ် ကို ဦးတည်ချက်လမ်းကြောင်း အတိုင်းပဲ သွားတာပါပဲ။ ပရိသတ်ဆို ဝေဖန်မှု အမျိုးမျိုးရှိ မှာပဲလေ။ ကျွန်တော်အားရင်အားသလို ပရိသတ်တွေနဲ့ စကားပြောဖြစ် တယ်”

Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်