တစ်ခါတစ်ရံ နားလည်ပေးလွန်းလို့
ငါ့ကိုငါတောင် သြချ ရတဲ့အဖြစ်။
ခွင့်လွှတ်ပေးဖို့ အကြိမ်ကြိမ်ကြိုးစားရင်းနဲ့
ဒူးထောက်ရတဲ့ ငါ... ။
မမြင်ချင်ယောင် ဆောင်ပေးရလွန်းလို့
အတိတ်ကိုပါ မေ့ချင်ခဲ့ပြီ။
မကြားချင်ယောင် ဆောင်ရလွန်းလို့
မကြားချင်ယောင် ဆောင်ရလွန်းလို့
နားတွေလဲ အူနေခဲ့ပြီ။
ချစ်သူရယ်.........
ချစ်သူရယ်.........
တကယ်ချစ်ရင် အချစ်ဆိုတဲ့ ဆူးက
ဒီရင်ကို စူးစေတာလားဟာ။
ငါ အရမ်းချစ်လို့ ချစ်လွန်းလို့
ငါ အရမ်းချစ်လို့ ချစ်လွန်းလို့
မျက်လုံးစုံမှိတ် ကြိတ်ပြီးငိုခဲ့တာလဲ များပါပြီ။
အိပ်မရတဲ့ညတွေ ငါ့အတွက်
အိပ်မရတဲ့ညတွေ ငါ့အတွက်
အဆိပ်တစ်ခွက်လို ပြင်းလှပါတယ်။
အချစ် အလွမ်း တမ်းတ ခြင်းတွေ
အချစ် အလွမ်း တမ်းတ ခြင်းတွေ
ငါ့ရင်မှာ နေရာ အနှံ့ ဘာလို့ စိုးမိုးထားရတာလဲ။
ဆုံးရှုံးခြင်းဆိုတဲ့ စကားလုံး
ဆုံးရှုံးခြင်းဆိုတဲ့ စကားလုံး
ဝေးကွာခြင်းဆိုတဲ့ စကားလုံး
လမ်းခွဲခြင်းဆိုတဲ့ စကားလုံးတွေ
ငါ မကြားချင်ဆုံး အကြောက်ဆုံးတွေပါ။
ခွဲမသွားဘူး ဆိုတာ ယုံပေမယ့်
ခွဲမသွားဘူး ဆိုတာ ယုံပေမယ့်
ကံကြမ္မာ အလှည့်ပြောင်းမှာ
ကံဇာတ်ဆရာ အလိုကျ
ကြိုးဆွဲရာ က လို့ ဝေးသွားခဲ့ရင်.....
နင်ငါ့နှလုံးသားကိုထုတ်
နင်ငါ့နှလုံးသားကိုထုတ်
အသဲကို မြေမြုပ်လို့
ငါ့ဝိဥာဉ်တွေ နင်နဲ့အတူ သယ်သွားပါတော့.....
ငါ အရမ်းချစ်တယ်
ငါ အရမ်းချစ်တယ်
ငါ အရမ်းမြတ်နိုးတယ်
ငါ ပြောမပြတတ်အောင်
နင့်ပေါ်ထားတဲ့ သံယောဇဉ် တွေ
နှောင်ကြိုးတွေ အထပ်ထပ်နဲ့
ခိုင်မြဲလွန်းနေလို့ပါ ။
ငါ နင့်နားမှာ အရိပ်တစ်ခု လို
ငါ နင့်နားမှာ အရိပ်တစ်ခု လို
အမြဲရှိနေချင်လို့ပါ။
နင်နဲ့အတူ အမြဲ ရှိချင်တဲ့ ငါ
နင့်နားက ခွဲမသွားနိုင်လို့ပါ.....
ဆုလေးနွယ်
ကြိုးစားပါအုံးမည်။
0 comments:
Post a Comment