အနော်မာသောင်ကမ်းမှာ
လွမ်းစရာကိုတစ်ခန်းရပ်လို့
ရုပ်ရှင်ဇာတ်ကားပေါ်က
ပြီးပါပြီ ဆိုတဲ့စာတန်းလို
တစ်ခန်းရပ် နားရမှာလား။
ပွဲပြီးရင် အိမ်ပြန်ရမယ်ဆိုတာ
သိပေမယ့် အိတ်ထဲမှာတော့
ဆုတ်ဖြဲခံထားရတဲ့လက်မှတ်လေး
ပါလာလိမ့်အုံးမယ်
ဒါ မင်းထားခဲ့တဲ့ သက်သေလား။
မ ကနိုင်ပဲ မင်းစခဲ့တဲ့ဒီဇာတ်
လွမ်းခန်းနဲ့ ဆွေးခန်းရောက်မှ
ဘာလို့ တိခနဲ အဆုံးသတ်လိုက်တာလဲ။
ခုတော့ ...
အနော်မာကမ်းက သဲသောင်ပြင်လို
နာကျင်တာရင်နဲ့အပြည့်
ကျ မလာနိုင်တဲ့ မျက်ရည်တွေ
ရင်ခွင်ငယ်ထဲမှာ
အနော်မာမြစ်လို တစ်သွင်သွင်စီးလို့
မင်းပေးလိုက်တဲ့ အချစ်သက်သေ
ဒီမျှ နဲ့ကျေပါစေတော့။
မင်းလှည့်စားလို့ပြီးရင်
မင်း အတွက် မလိုအပ်တော့ရင်
နောက်လှည့်မကြည့်ပဲ ထွက်သွားပါတော့။
မင်းပေးလိုက်တဲ့ အချစ်လက်မှတ်လေး
အပိုင်းပိုင်းကြေပျက်နေပေမယ့်
နောက်တစ်ခါ ရုံဝင်ခွင့်ရဖို့ အတွက်
ကြိုးစားရင်း ......
ဆုလေးနွယ်
ကောင်းပါတယ်ဆရာမလေးးးးးးးးးးးးးအားပေးနေမယ်နော်
ReplyDelete