အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » အချစ်စစ်

အချစ်စစ်

Written By MyanmarChnnel@ on Saturday, July 27, 2013 | 3:57 AM


အမြင်မတူညီကြတဲ့
လောကကြီးမှာ
အချစ်ဆိုတာကို
အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ပေမယ့်
အချစ်စစ်ဆိုတာကို
တကယ်နားမလည်ခဲ့ကြဘူး။

အချစ်စစ်ဟာ မြင်ရမှ အနားမှာရှိမှ
ချစ်တာလို့ မဆိုလိုပါဘူး
အနေဘယ်လောက်ဝေးဝေး
တစ်ယောက်ကို တစ်ယောက်
နားလည်မှုတွေနဲ့ သစ္စာရှိရှိ
အမြဲချစ်နေတတ်ကြတယ်။

မယုံကြည်ရဘူးလို့ ပြောနေတဲ့
ဘေးကလူထက် ကိုယ်တိုင်က
ကိုယ့်ချစ်သူစိတ်ကို ပိုသိကြတယ်။

တကယ်ချစ်ကြရင် စိတ်ချင်းဆက်လို့
တစ်ယောက်နဲ့တစ်ယောက် တူညီနေတဲ့
အရာတွေ ပြောမပြတတ်အောင်ပါ။

ဘယ်သူတွေ ဘယ်လိုပြောလဲ
တကယ်ကိုယ်နဲ့ အတူရှိနေမှာက
ကိုယ့်ချစ်သူမို့ နားလည်မှုတွေ
ထားကြပါ ပွင့်လင်းကြပါ။

တကယ်ချစ်တဲ့သူတွေတိုင်း
အကြောင်းအမျိုးမျိုးကြောင့်
ဒဏ်ရာကိုယ်စီနဲ့ လမ်းခွဲသွားတဲ့ အဖြစ်မျိုး
မဖြစ်ကြပါစေနဲ့လို့ ဆုတောင်းရင်း ......

ခဏတာ အချစ် အစားထိုးအချစ်
အပျော် အချစ်တွေ မဟုတ်ပဲနဲ့
အချစ်စစ်ဆိုတာကို သိအောင်ကြိုးစားကြပါ....

                                                ဆုလေးနွယ်

Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်