အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » ရှိနေခွင့်

ရှိနေခွင့်

Written By MyanmarChnnel@ on Saturday, July 27, 2013 | 6:43 AM

တမ်းတပါတယ် မျှော်လင့်ပါတယ်
အရမ်းချစ်တယ် ....
မခွဲနိုင်ဘူးဆိုတဲ့ သူကိုမှ
ကံကြမ္မာရယ်.........
ဘယ်အဲငြိုးနဲ့ လှည့်စားရက်လေသလဲ။

အမုန်းကြီးမုန်းလို့ လမ်းခွဲတာက
သိပ်မနာကျင်ပေမယ့်
ချစ်ရက်နဲ့ ထွက်ခွာရမယ့်အဖြစ်မျိုး
ဟင့်အင်း ......
ငါ စိတ်ကူးနဲ့တောင် မတွေးဘူး။


ထွက်သွားစမ်းပါ ဒီ နာကျင်မှုတွေ
ငါ့နှလုံးသားတစ်ခုလုံး
ရင်တစ်ခုလုံးမှာ ပျော်ရွှင်နေတဲ့
ချစ်သူပုံရိပ် အပြုံးတွေ ကြင်နာမှုတွေ...
ငါ မျက်လုံးတွေ မမြင်တာမှ ကောင်းမယ်။

သူများတွေ ပြောတဲ့ အသဲကွဲ သီချင်းဆိုတာ
ခု ငါ ခံစားနေရတာလောက် မနာကျင်ပါဘူး
ငါ့ ဝေဒနာတွေထက် ငါ့ချစ်တဲ့ ချစ်သူရင်မှာ
နာကျင်နေမှာကို ငါ ပိုကြောက်တယ်။

ချစ်သူ......
ပြန်လိုက်ပါတော့လို့ မပြောလိုက်ပါနဲ့
နှစ်ယောက်လုံးရဲ့ရင်မှာ
မခံစားနိုင်အောင် နာကျင်နေရက်နဲ့
မကြည့်ရက်နိုင်ကြပဲနဲ့
နှုတ်ဆက်ရမှာကို အရမ်းကြောက်တယ်။

ချစ်သူနားမှာ နောက်ဆုံးချိန်ထိ
အသက်မဲ့သွားတဲ့ထိ....
ချစ်သူရင်ခွင်မှာသာ
ရှိနေချင်လို့ပါ။

အရမ်းချစ်တယ် ......
                                          ဆုလေးနွယ်
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်