တကယ်ချစ်ကြတဲ့ ချစ်သူနှစ်ဦးဟာ
ဘယ်အကြောင်းနဲ့မှ ထိခိုက်ခံမှာမဟုတ်သလို
နားလည်မှုတွေ အဆုံးထိထားရှိကြတဲ့
ချစ်သူနှစ်ယောက်ဟာ ဘယ်လိုမှ လမ်းခွဲဖို့ဆိုတာ
မဖြစ်နိုင်ပါဘူး။
လမ်းလွဲမှာ လမ်းခွဲရမယ်ဆိုတောင်
နှစ်ယောက်လုံးရင်မှာ အစားထိုးမရတဲ့
နာကျင်မှုတွေ သွေးချောင်းစီးနေတဲ့
နှလုံးသားရဲ့ ငိုကြွေးသံတွေကို
တစ်ယောက်နဲ့တစ်ယောက် မမြင်အောင်သာ
ဟန်ဆောင်ဖုံးရင်း
တိတ်ဆိတ်တဲ့ အခန်းငယ်ထဲမှာ
အရားအားလုံး အမှောင်ချ
ဘ၀ကို အဆုံးသတ်တဲ့ထိ
တမ်းတမှုရဲ့ အဆုံးမှာ အရှုံးပေးကြတယ်။
ချစ်သူ......
အရမ်းချစ်နေကြပါရက်နဲ့
လမ်းခွဲခြင်းလမ်းမပေါ် မရောက်ချင်ဘူး
မုန်းလို့လားမေးရင် မမုန်းကြဘူးနော်
အစားထိုးမရအောင် ချစ်တယ် ။
နားလည်ကြတယ် ။
ချစ်သူ တို့နှစ်ယောက်ကြားမှာ
လမ်းခွဲခြင်းဆိုတာကို မရှိပါစေနဲ့လား
ဖြေဆေးမရှိတဲ့ အလွမ်းတွေ ကို
ချစ်သူရဲ့ ကြင်နာမှုသာ ကုသပေးနိုင်မှာပါ။
အရမ်းချစ်တယ်....
စ ချစ်ခဲ့ထဲက လမ်းခွဲဖို့မှ မဟုတ်ခဲ့တာ
ဘယ်လိုအကြောင်းပြချက်နဲ့မှ မခွဲရဘူးနော်။
အချစ်နဲ့ စတဲ့ အဆုံးမှာ...
အတူရှိနေခြင်းနဲ့သာ ဖြစ်ချင်လို့ပါ .....
ဆုလေးနွယ်
ဆန္ဒ
Written By MyanmarChnnel@ on Saturday, July 27, 2013 | 6:49 AM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
Labels:
(ဆုလေးနွယ်),
ကဗျာ
0 comments:
Post a Comment