အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » ချစ်သူသိစေ

ချစ်သူသိစေ

Written By MyanmarChnnel@ on Saturday, July 27, 2013 | 6:50 AM

ခဏတာ အပျော်ချစ်ခဲ့တာမဟုတ်ပါဘူး
တစ်ဘ၀စာအတွက် ချစ်ခဲ့တာပါ။

ပတ်ဝန်းကျင်အသိုင်းဝိုင်းစကားတွေကြောင့်
ရင်မှာ ဒဏ်ရာကိုယ်စီနဲ့ ရင်ထဲကမျက်ရည်တွေကို
ဟန်ဆောင်အပြုံးတွေနဲ့ ဖုံးဖိထားပြီး
ကျောခိုင်းရမယ့်အဖြစ်မျိုး ငါ အကြောက်ဆုံးပါ။

ဘယ်လိုပြောနေကြပါစေ
တကယ်တမ်း ကာယကံရှင်က
ငါတို့နှစ်ယောက်ပါ...
အခက်ခဲတွေ ဘယ်လောက်များနေပါစေ
လက်တွဲမဖြုတ်ကြဖို့ပါ။

ငါတို့နှစ်ယောက်ရဲ့ ချစ်ခြင်း မေတ္တာ
အကြင်နာ နားလည်မှုတွေ
ဘယ်သူမှ မသိပေမယ့်
နင်နဲ့ငါက အသိဆုံးပါ။

နှစ်ကိုယ်တစ်စိတ်ဖြစ်နေတဲ့ နင်နဲ့ငါ
လမ်းခွဲကြရမယ် ဆိုရင် .....
ငါ တို့နှစ်ယောက်ရဲ့ ရှေ့လမ်းခရီး
မတွေးရက်တော့ဘူး ။

ဘယ်လောက်ထိ လက်တွဲဖြုတ်ကြပါစေ
နင်နဲ့ငါ လက်တွဲမဖြုတ်ကြေးနော် ..
ဘယ်လောက်ထိ ဝေးကွာနေပါစေ
သစ္စာ မေတ္တာ မပျက်ကြေးနော်....

ငါတို့ ချစ်တဲ့နေရာမှာ
ဘယ်မိဘ အသိုင်းအ၀ိုင်း
ဂုဏ်ပကာသန မှ မပါခဲ့ဘူး
နင်နဲ့ငါ ဆိုတဲ့ ငါတို့နှစ်ယောက်ထဲပါ။

နင့်အတွက် ငါဟာ ...
နင့် ဘ၀ နင့်ကမ္ဘာဖြစ်နေသလို
ငါ့အတွက်လဲ...
နင်က ငါ့ဘုရင် ငါ့ သခင်ပါ ချစ်သူရာ.......


                               ဆုလေးနွယ်
 
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်