ငါမျှော်လင့်တဲ့ ငါ့ဆန္ဒတွေ
မပြည့်ခဲ့လျှင်တောင်
ငါ့ ရဲ့ တောင့်တမှုကို
စာနာပေးပါ။
ငါ ခံစားနေရတဲ့ ခံစားမှုတွေ
မသိနိုင်ခဲ့တောင်
မြင်ကြည့်ပေးပါ။
မပြည့်ခဲ့လျှင်တောင်
ငါ့ ရဲ့ တောင့်တမှုကို
စာနာပေးပါ။
ငါ ခံစားနေရတဲ့ ခံစားမှုတွေ
မသိနိုင်ခဲ့တောင်
မြင်ကြည့်ပေးပါ။
တမ်းတနေတဲ့ ငါ့အဖြစ်တွေကို
မတွေ့နိုင်ခဲ့တောင်
ကိုယ်ချင်းစာပေးပါ။
လွမ်းနေရတဲ့ ငါ့အလွမ်းတွေ
မမြင်နိုင်တောင်
နားလည်ပေးပါ။
ငါချစ်တဲ့ ငါ့အချစ်တွေ
မျက်မြင်မဟုတ်ခဲ့တောင်
စိတ်ချင်းဆက်ပြီး
နားဆင်ပေးပါ။
မျိုသိပ်ထားရတဲ့ နာကျင်မှုတွေ
ငါပေါက်ကွဲပစ်ချင်ပေမယ့်
သက်ပြင်းကိုအခါခါ
ရင်ထဲမှာသာ မျိုချခဲ့သူပါ။
အရာအားလုံးကို မေ့ထားချင်တယ်
မျက်မမြင်တစ်ယောက်လို
ဘာမှ မမှတ်မိချင်ဘူး
အတိတ်ကိုပါမေ့ထားချင်တယ်။
ငါ့ ဘ၀ ငါ့အဖြစ်တွေ
ဘယ်သူမှ မသိခဲ့ကြပါဘူး
မသိခဲ့ကြပါဘူး .........
ရက်စက်တယ် လောကကြီးရယ်.......
ဆုလေးနွယ်
0 comments:
Post a Comment