အချစ်ဆိုတာကို ဘာလဲဟင်လို့
အခါခါပြန်မေးခဲ့ဖူးတယ်...
အလွမ်းဆိုတာ ဘယ်လိုလဲလို့
ပြန်မေးဖူးတယ်...
ခံစားရတယ်ဆိုတာ
မဖြစ်နိုင်လိုက်တာလို့
ငြင်းဆန်ဖူးတယ်။
တကယ်ချစ်တာပါ လို့ ပြောရင်
နင့်ကိုယ်နင်လောက် မချစ်ပါဘူးလို့
ပြန်ပြောဖူးတယ်။
ငါတကယ်ပိုင်ဆိုင်ချင်တယ်လို့ ပြောရင်
ရူးနေလားလို့ မေးဖူးတယ်။
နင်နားမှာ အဲကောင်တွေ မရှိစေနဲ့
သ၀န်တိုတယ်ပြောရင်
ငါက နင့်ချစ်သူမဟုတ်ဘူးလို့
ပြန်အော်ဖူးတယ်။
နင်မချစ်တတ်ဘူးလားဟာ လို့
မေးရင် ငါ့နှလုံးသားကို
လှုပ်ခါနိုင်စွမ်းရှိသူကိုတွေ့မှ
ဖြေခဲ့ဖူးတယ်။
နင်တော်တော်သွေးအေးတယ်
နင့်မှာ အသဲတို့ နှလုံးတို့မရှိဘူးလား
သခင်မရယ် လို့ ပြောရင် ....
ရှိတယ် ဒါပေမယ့် နင့်အတွက်မှ မဟုတ်တာလို့
ငြင်းဆန်ဖူးတယ်။
အချစ်ဆိုတာကို မတွေ့ချိန်ထိ
နားမလည်စွာ ပြန်မေးဖူးတဲ့ ငါ.........
နင်နဲ့ကျမှ ငါ အားလုံးနားလည်လာတယ်
ခံစားတတ်လာတယ် နာကျင်တတ်လာတယ်
သ၀န်တိုတတ်လာတယ် ပေါက်ကွဲတတ်လာတယ်
ငါ အရမ်းချစ်တတ်ခဲ့တယ်။
ဝေးရမှာ ခွဲရမှာ ဆိုတဲ့ စကားလုံးကို
ငါသေရမလောက် ကြောက်လာတယ်။
နင့်အတွက် အရာရာကိုပေးဆပ်ချင်တယ်
ဖြည့်ဆည်းချင်ခဲ့တယ်။
ငါအဲလောက်ထိချစ်တတ်မယ်လို့
ဘယ်သူမှ ယုံမှာမဟုတ်ဘူး
ငါ ခု ချစ်တတ်နေပြီပြောလဲ
နင် ဟုတ်မှပြောပါလို့ ပြောကြလိမ့်မယ်။
ဒါပေမယ့်.....
ဘယ်သူမှမယုံချင်နေပါ နင်တော့ယုံပေးပါ
ငါနင့်ကို အရမ်းချစ်တယ်
မှန်သောသစ္စာစကားပါ........
ဆုလေးနွယ်
0 comments:
Post a Comment