အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ပြည်သတင်းထောက် ဦးရေခဲကို ဒီနေ့ အမိန့်ချမည်

ပြည်သတင်းထောက် ဦးရေခဲကို ဒီနေ့ အမိန့်ချမည်

Written By MyanmarChnnel@ on Thursday, July 17, 2014 | 12:30 AM

ပြည်သတင်းထောက် ဦးရေခဲ
 ဒီဗွီဘီသတင်းထောက် ဦးဇော်ဖေ လွတ်မြောက်ရေး ဆန္ဒထုတ်ဖော်ခဲ့တဲ့ ပြည်သတင်းထောက် ဦးရေခဲကို ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားပြီ ဒီနေ့ ညနေပိုင်း အမိန့်ချမယ်လို့ သတင်းထောက် ဦးရေခဲက ဒီဗွီဘီကို ပြောပါတယ်။

“ဒဏ်ငွေ ဒါမှမဟုတ် ထောင်ဒဏ် ကျခံရမှာပါ။ တရားရုံးမှာ ရှေ့နေမငှားပဲ ပုဒ်မ ၁၈နဲ့ မညီပဲ ဆန္ဒပြတာလို့ ကိုယ်တိုင် ၀န်ခံထားပါတယ်” လို့ ဦးရေခဲက ဆိုပါတယ်။
ဒီဗွီဘီသတင်းထောက် ဦးဇော်ဖေ လွတ်မြောက်ရေးအတွက် ပြည်အခြေစိုက် သတင်းထောက်တွေက ဇွန်လထဲမှာ ဆန္ဒထုတ်ဖော်ခဲ့ပြီး ဆန္ဒပြပွဲခေါင်းဆောင် ဦးရေခဲကို ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

တရားမ၀င် စီတန်းလှည့်လည်တဲ့ ပုဒ်မ-၁၈ နဲ့ ဦးရေခဲကို ပြည်ခရိုင်တရားရုံးက ရုံးချိန်း ၁၀ ကြိမ်လောက် ခေါ်ယူခဲ့ပြီး ဒီနေ့ ညနေ အမိန့်ချမှတ်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဆန္ဒထုတ်ဖော်သူတွေကို တရားမ၀င် စီတန်းလှည့်လည်တဲ့ ပုဒ်မ ၁၈ နဲ့ မကြာခဏအရေးယူနေပြီး ဇူလိုင်လ ၁၂ ရက်နေ့က ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ပြုလုပ်တဲ့ သမ္မတဦးသိန်းစိန်နဲ့ အနုပညာရှင်တွေ တွေ့ဆုံပွဲကို သွားရောက် သတင်းရယူရင်း ဆန္ဒပြခဲ့ကြတဲ့ သတင်းသမား ၅၀ ကျော်ကို ကမာရွတ်ရဲစခန်းက စီတန်းလှည့်လှည်ဆန္ဒပြခွင့် ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားပါတယ်။
,   ဆိုရင်တော့  www.lwansaung1.com ဆက်သွားလို့ ကြည့်နိုင်ပါတယ်။
အသစ်တင်တိုင်း fb ကိုကြည့်ချင်တယ် ယူချင်တယ်ဆိုတော့ lwansulay  ဆက်နိုပ်သွားလိုက်ပါ။
သူငယ်ချင်းတွေအတွက်အားလုံးအဆင်ပြေအောင် ဆောင်ရွှက်ပေးနေမယ်နော်...မရှင်းတာရှိရင်
ချက်ပေါက်မှာ..ပြောထားခဲ့လို့ ရပါတယ်။အားလုံးအဆင်ပြေပါစေ။။

By ဒီဗွီဘီ
http://burmese.dvb.no/archives/60423

Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်