အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » လှောင်ဖို့မသင့်ပါဘူး

လှောင်ဖို့မသင့်ပါဘူး

Written By MyanmarChnnel@ on Monday, December 30, 2013 | 8:39 PM




တစ်ကြိမ်မှ မချစ်ဖူးသေးတဲ့ငါ့အသဲ
မင်းအတွက် နှင်းအပ်လိုက်တာ
အသဲခွဲဖို့မဟုတ်ဘူး ။

ကောင်းကင်မှာ လွင့်မျှောနေတဲ့
တိမ်မျှင်တွေလို ငါ့အတွေးတွေက
ကွယ်ပျောက်ဖို့မဟုတ်ဘူး ။

ညတွေမှာ တစ်မှေးမှမအိပ်ပဲ
ထိုင်ငေးနေခဲ့တာ မင်းထားခဲ့ဖို့မဟုတ်ဘူး။

မိုးလင်းမှ မိုးချုပ်ထိ မင်းကို တမ်းတနေမိတာ
လမ်းခွဲဖို့မဟုတ်ဘူး ။

မုန်းအောင်ကြိုးစားရင်းနဲ့ ပိုချစ်နေတဲ့
ငါ့အချစ်တွေကို မမြင်သာအောင် ဖုံးကွယ်ရင်း
ရင်ထဲက ဒဏ်ရာတွေကို စာနာပါလို့ မဆိုချင်ဘူး

အလွမ်းများနဲ့ ရူးနေတာကို သိစေဖို့
အော်ဟစ်ကာလဲ ငါ မပြောချင်ဘူး

ဘယ်ဘက်ရင်အုံက ဟာတာတာကွက်လပ်တစ်ခုက
မင်းမရှိလို့ဖြစ်နေမှန်းသိပေမယ့် ငါ အသိမပေးချင်ဘူး

နာကျင်နေတဲ့ငါ့အပြစ်မဲ့နှလုံးသားကို
အကြောင်းပြချက်တွေပေး မင်း မရက်စက်သင့်ဘူး

မင်းအတွက် အသဲကွဲနေတဲ့ ငါ့ကို
မင်း လှောင်ဖို့မသင့်ပါဘူး ချစ်သူ ...



လွမ်းဆုလေး
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်