အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » (ကျွန်မ ချစ်သော မောင့်အတွက် ကျွန်မရဲ့ အမှတ်တရကဗျာလေးပါ။ )

(ကျွန်မ ချစ်သော မောင့်အတွက် ကျွန်မရဲ့ အမှတ်တရကဗျာလေးပါ။ )

Written By MyanmarChnnel@ on Monday, December 30, 2013 | 8:36 PM

ကျွန်မ အရမ်းချစ်ခဲ့ဖူးတယ်
ကျွန်မ စွဲလမ်းခဲ့ဖူးတယ်
ကျွန်မ အများကြီးပေးဆပ်ခဲ့ဖူးတယ်
ကျွန်မ အားလုံးမျှော်လင့်ခဲ့ဖူးတယ်
ကျွန်မ အကြိမ်ကြိမ် တမ်းတခဲ့ဖူးတယ်
ကျွန်မ ထာဝရ ပိုင်ချင်ခဲ့တယ်
ကျွန်မ အိပ်မက်ထဲက မင်းသားလေးကိုပေါ့။

ခု ...
ကျွန်မ သူ့ကိုချစ်တယ်
ကျွန်မ ပိုင်ဆိုင်သမျှ အရာအားလုံးထက်ပေါ့
ကျွန်မ အရမ်းမြတ်နိုးပါတယ်
ကျွန်မ ဘ၀ထက် ပိုချစ်မိတယ်
ကျွန်မ ကိုဘယ်တော့မှ ခွဲမသွားပါနဲ့လို့
အခါခါတောင်းဆိုနေမိတယ်။

ကျွန်မ ချစ်တဲ့အချစ်တွေကို
ဘာနဲ့မျှ နှိုင်းယှဉ်မပြချင်ဘူး
ကျွန်မ ပေးအပ်လိုက်တဲ့ အချစ်တွေကို
ဘာနဲ့မှ တိုင်းတာမပြချင်ဘူး
ကျွန်မ အချစ်တွေကို
သမိုင်းတွင်အောင် စာလဲမတင်ချင်ဘူး

ဒါပေမယ့် .....
ကျွန်မချစ်တဲ့ ချစ်သူနှလုံးသားမှာ
ထာဝရ မှတ်တမ်းထားချင်တယ်
သူ တစ်ယောက်ထဲသာ သိစေချင်တယ်
သူတစ်ယောက်သာ သိမ်းစေချင်တဲ့
ကျွန်မ အိပ်မက်က မိုက်ရူးရဲ ဆန်နေမှာလား ....


ကျွန်မ သိပ်မသိချင်ပါဘူး
ကျွန်မ ကို သူချစ်တာက လွဲရင်ပေါ့
ကျန်တာ ကျွန်မ အတွက် မလိုအပ်ဘူးထင်လို့ပါ
ကျွန်မ သူ့ကို အရမ်းချစ်တယ်။


လွမ်းဆုလေး
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်