အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » တစ်ချိန်က ငါ့ချစ်သူကို သတိရတယ်

တစ်ချိန်က ငါ့ချစ်သူကို သတိရတယ်

Written By MyanmarChnnel@ on Monday, December 30, 2013 | 8:30 PM


မင်းနှုတ်ခမ်းထက်က
အပြုံးတစ်ပွင့်ဟာ
ငါ့အတွက် အဆိပ်တစ်ခွက်ဖြစ်နေခဲ့မယ်ဆိုရင်
ငါ မစွဲလန်းခဲ့သင့်ဘူး ။

မင်းမျက်လုံးထဲက
ကြင်နာမှုတွေဟာ
ငါ့အတွက် အဆိပ်မြှားတစ်စင်းဆိုရင်
ငါ ရင်ကော့မပေးခဲ့သင့်ဘူး ။

မင်း မျက်နှာလေးထက်က
ချောမောလှပမှုတွေဟာ
ငါ့အတွက် အဆိပ်သီးဆိုရင်
ငါ မစားခဲ့သင့်ဘူး ။

မင်း အသံချိုချိုလေးက
ငါ့ကိုသတ်မယ့် ဓားတစ်စင်းဆိုရင်
ငါ နားမထောင်ခဲ့သင့်ဘူး ။

မင်းပေးတဲ့အချစ်က
ငါ့နှလုံးသား သဂြိုလ်ရမယ့်နေရာဆိုတာသိရင်
ငါ မယူခဲ့သင့်ဘူး ။

မင်းနဲ့ပတ်သက်သမျှ
အရာရာတိုင်းဟာ ငါ့အတွက် ကျဆုံးခြင်းဆိုရင်
ငါ ရေမလောင်းခဲ့သင့်ဘူး ။

ခုတော့ ....
ငါပျိုးတဲ့အပင်က ငါ့ကိုပြန်ချည်လို့
ငါ့ရင်တွေ သွေးရဲရဲကျ အခါခါပြိုကျနေတာကို
အပြုံးမပျက် ကျောခိုင်းရက်တဲ့ မင်းကိုကြည့်ရင်း
တစ်ချိန်က ငါ့ကို သိပ်ချစ်ခဲ့တဲ့
ငါ့ချစ်သူကို သတိရတယ် ....



လွမ်းဆုလေး
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်