ကိုယ့်နှလုံးသားတစ်ခုလုံး မင်းကိုပေးအပ်ခဲ့တာ
မင်းထိခိုက်စေမယ့် အရာတစ်ခုမှ မပါပါဘူး
ညနက်နက်တွေမှာ မင်းအကြောင်းတွေးမိတိုင်း
မခွဲနိုင်ခြင်းနဲ့ အဆုံးသတ်နားခဲ့ရတယ်
မင်းရက်စက်မှုတွေက နာကျင်စရာကောင်းပေမယ့်
မနာကျင်နိုင်တဲ့ ကိုယ့်အသဲတွေက
မမုန်းရက်နိုင်ဘူး
မမြင်နိုင်အောင် ဘယ်ထိပုန်းနေလဲ
လွမ်းတဲ့စိတ်တွေက မတားဆီးနိုင်ပြန်ဘူး
တစ်ခါမှ မချစ်ရသေးတဲ့ ကိုယ့်အသဲတွေက
မင်းကို အသဲခွဲဖို့မဟုတ်ပါဘူး
မူးယစ်စေတဲ့ ဘီယာတွေ တစ်ခွက်ပြီးတစ်ခွက်သောက်ပြီး
မင်းပြောတဲ့စကားလုံးကို နာကျင်အောင်လုပ်လဲ
ကိုယ် အဆုံးမသတ်နိုင်ခဲ့ဘူး
အချိန်က ကုစားမယ်လို့ ပြောပေမယ့်
တားဆီးမရနိုင်တဲ့ ဒီ အချစ်တွေကြောင့်
ပြန်လာပါ ချစ်သူရယ်လို့ တောင်းဆိုနေမိတယ်
ကိုယ်ချစ်တဲ့ အေးမြတဲ့ အချစ်တွေမို့
ကိုယ့်ရင်ခွင်ဆီ
ပြန်လာခဲ့ပါ ချစ်သူရယ် .......
0 comments:
Post a Comment