၂၀၁၃ ခုနှစ်၊ဇူလိုင်လ ၂ ရက်(အင်္ဂါနေ့ )တွင် Useful Info and Health Tips သတင်းကွန်ယက်မှာ စိတ်မကောင်းဖွယ် သတင်း တစ်ပုဒ်ကို ဖတ်ခဲ့ရပါတယ်။ အသက် ၂၁ နှစ်အရွယ် လူငယ်လေးတစ်ယောက်ဟာ သူငယ်ချင်းမိတ်ဆွေများနဲ့ အတူ ကျောက်မီး သွေးမီးဖိုနားမှာ barbecue(ခေါ်)အသားကင်များကို ကင်စားနေကြတုန်း မိနစ်အနည်း ငယ်အကြာမှာ၊ ကြောက်မက် ဖွယ်အော်သံ နဲ့ အတူ အလွန်နာကျင်သော အမူအရာဖြင့် ခုန်ပေါက်ပြီးလဲကျသွားပါတော့တယ်။ သူ့ သူငယ်ချင်းများ ဘာ ကြောင့်ဒီလိုဖြစ်တယ် ဆိုတာကို အံ့သြတကြီး အဖြေရှာမရခဲ့ ပါဘူးတဲ့။ ဖြစ်စဉ်အကြောင်းရင်းကတော့ သူတပ်ထားတဲ့ မျက်ကပ်မှန်ကြောင့်ပါဘဲ။ ပလပ်စ တစ်အပျော့ဖြင့်လုပ်ထားတဲ့ မျက်ကပ်မှန်က ကျောက်မီးသွေးကြောင့်အရည်ပျော်ကျပြီး၊ မျက်စေ့ ၂-လုံး (လုံးဝ) အလင်းကွယ်ခဲ့ ရပါတယ်။ ပလပ်စတစ်ပစ္စည်းများဟာ သဘောသဘာဝအရ၊ အပူဟပ်ရင် အရည်ပျော်တတ်တာကြောင့်၊ မျက်ကပ်မှန်တပ်သူများ မျက်နှာကို မီးမဟပ်ကြစေရန် အထူးသတိရှိကြပါလေ။
++++++++++++++++++++++++++++++++++++++++++++++
ပလပ်စတစ်ပါးပါးလေးဖြင့် ပကတိတိုင်းအမြင်အာရုံပေါ်လွင်စေအောင် တီထွင်ကြံဆတဲ့ နည်းလမ်းက စိတ်ဝင်စားစရာပါ။ ၂၀၁၃ ခုနှစ် စစ်တမ်းများအရ၊ ယနေ့ ကမ္ဘာမှာ မျက်မှန်တပ်ရမှာကိုရှက်သူများ နှင့် မျက်မှန်ကြောင့်အလှပျက်တယ်ထင်သူ အလှကြိုက် သူဦးရေ သန်းရာပေါင်းများစွာတို့  ပါဝါမျက်ကပ်မှန် အပါအ၀င်၊ ရောင်စုံအလှကပ်မှန်ကို အာသာပြင်းပြင်းသုံးစွဲနေကြပါတယ်တဲ့။ မျက်ကပ်မှန်က အခမသင့်ရင် မျက်စေ့ပါကွယ်စေလို့  အောက်ပါဆိုကျိုးများအကြောင်း သတိပေးမျှဝေလိုက်ရပါတယ်။
(၁) မျက်စေ့ကိုမထိုးမရှမိအောင်နှင့် မျက်ကပ်မှန်မပေါက်မပြဲရလေအောင် အထူးသဖြင့် လက်ညှိုးကလက်သည်းကို တိုတိုညှပ်ပြီး တံစီး(တဇီး)ဖြင့်ပွတ်တိုက်ပါ။ မျက်ကပ်မှန်တပ်ခါနီး လက်ကို စင်ကြယ်စွာဆေးကြော၍ ရေများစင်သွားအောင် ခပ်ကြမ်းကြမ်း ခါထုတ်ပါ။ (ရေစိုလက်ကို မည်သည့် အ၀တ်တစ်စုံတစ်ရာနှင့်မျှ ခြောက်အောင်မသုတ်ပါနဲ့ ၊ ထိုအ၀တ်များမှတဆင့် မျက်လုံးထဲ ပိုးဝင်စေတတ်ပါတယ်)လက်ကိုတံတွေး ဆွတ်ပြီးမျက်ကပ်မှန်မတပ်ပါနှင့်။ မျက်ကပ်မှန်သုံးဆေးရည်က ပိုးသေးစေလို့  အသုံးမပြု ခင် လက်ကိုဆေးရည်ဖြင့် နဲနဲလောင်းဆေးပြီးမှသာ၊ ဆေးရည်စိမ်ထားတဲ့ ဗူးထဲမှမျက်ကပ်မှန်ကို အောက်သို့ ပြုတ်မကျအောင် သတိပြုထုတ်၍ တပ်ပေးပါ။
(၂) မျက်ကပ်မှန်များက မျက်လုံးထဲ အောက်စီဂျင်မ၀င်နိုင်အောင်ပိတ်ဆို့ ထားလို့  တစ်နေ့လျှင် အများလွန်ဆုံး ၁၀-နာရီခန့်  သာ တပ်ထားသင့်ပါတယ်။ သတိမေ့လျာ၍ ညဘက်အိပ်မိပါက၊ မျက်ခွံအောက် မှ အငွေ့ ပျံ အပူအောင်းလာပြီး၊ ဗက်တီးရီးယား များပေါက်ပွား၍ မျက်ကြည်လွှာကို အမာရွတ် ဒဏ်ဖြစ်စေကာ၊ မျက်စေ့ကွယ်သည်အထိ အန္တာရာယ်များပါတယ်။(ယခုနောက်ပိုင်း FDA အသိအမှတ်ပြု ရက်သတ္တတ် ၂-ပတ်ခံမျက်ကပ်မှန်ကပ်မှန်များ ပေါ်နေသော်လည်း၊ နားလည်တတ်ကျွမ်းသူ ဆရာဝန်နှင့်တိုင် ပင်ပြီးမှသာ သုံးပါ)
(၃) မျက်ကပ်မှန်တပ်ဆင်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးက မျက်စေ့ခြောက်စေပါတယ်။ အထူးသဖြင့် အရက်သေစာသောက်သူများ၊ ယားနာပျောက် ပဋိဇီဝဆေးမှီဝဲနေသူများ၊ ကိုယ်ဝန်ဆောင် တားဆေးသောက်သုံးသူများ နှင့် လေယာဉ်စီးပြီး မျက်ကပ်မှန်တပ်သူ များမှာ သိသိသာသာ မျက်စေ့ခြောက်စေပါတယ်။ မျက်ကပ်မှန်တပ်သူများသုံးစွဲရန် မျက်စေ့ခြောက်သက်သာစေတဲ့မျက်စင်းဆေး ရည်အမျိုးမျိုးရှိသော်လဲ၊ ဖော်ပြပါပဋိဇီဝဆေးမှီဝဲသူများ ဘေးထွက်ဆိုးကျိုးမဖြစ်ရလေအောင် ဆရာဝန်နှင့်တိုင်ပင်ပြီးမှ မျက်စင်း ရည်ဝယ်ပါ။ (သက်တမ်းကုနု မျက်စင်းမဖြစ်ဖို့  အထူးသတိပြုရွေးချယ်ပါ)
(၄) လုပ်ငန်းခွင်ဝင်နေသူများ(သို့ မဟုတ်)ကျောင်းသူကျောင်းသားများ ခရီးသွားဟန်လွှဲ ကြုံတောင့်ကြုံခဲဆိုသလို မတော်တဆ မျက်မှန်ကွာကျတတ်ပါတယ်။ ထိုအခါ မျိုးမှာ ရေဘုံပိုင် (သို့ မဟုတ်) တံတွေး(သို့ မဟုတ်) လက်(သို့ မဟုတ်) အ၀တ်/တစ်ရှုးများဖြင့် သန့် စင်အောင် သုတ်ပြီး ပြန်မသုံး ပါနှင့်။ သောက်ရေသန့် ကလည်းစိတ်မချရပါ။ အကယ်၍ နီးစပ်ရာ ဆိုင်မှာမျက်ကပ်မှန် ဆေး ရည်ဝယ်လို့ လည်းမရ/မိမိပတ်ဝန်းကျင် ရှိသူများထံမှ လည်း ဆေးရည် အဆင်သင့်မရှိပါက လုံးဝ(လုံးဝ)မနှမျောပါနှင့်။ စွန့် သာပစ် လိုက်ပါတော့။
(၅) မိတ်ကပ်၊ လိုးရှင်းမျာက အဆီပြန်အငွေ့ ဟပ်စေလို့  မိတ်ကပ်မလိမ်းမီ မျက်ကပ်မှန်ကိုအရင်တပ်ဆင်ပါ။ (သို့ မဟုတ်) မိတ် ကပ်လိမ်းချယ်ပြီးမှ ကပ်မှန်တပ်ဆင်လိုသူများအနေဖြင့် လက်ကို စင်ကြယ် စွာဆေးကြော ပြီးမှသာတပ်ပါ။ လက်တွင်ပေကျန်နေ ရစ်သော မိတ်ကပ်များဖြင့် ကပ်မှန်တပ်တဲ့အခါ မျက်စေ့ကိုအလွန်စပ်စေပါတယ်။ ဖြစ်နိုင်လျှင် အိုင်းရှဲဒိုး/မက်စ်ကာလာ/အိုင်းလိုင် နာ မသုံးပါနဲ့ ၊ မဖြစ်မနေ သုံးရသူများအဖို့  ရေစိုခံ မက်စ်ကာလာကိုသာရွေးချယ်ပါ။
(၆) ဆံပင်ဖြန်းဆေးရည်ထဲရှိ ဓာတုပစ္စည်းများကလည်း ဘေးထွက်ဆိုးကျိုးဖြစ်စေသလို၊ ဆံပင်လေမှုတ်ခြင်းကလည်း မျက်လုံး အိမ်ခြောက်သွေ့ စေလို့ ၊ မျက်ကပ်မှန်ချွတ်ပြီးမှ ဆံပင် အလှပြင် ဆိုင်သွားပါ။
(၇) မျက်ကပ်မှန်တပ်ရင်း မျက်ရည်ကျငိုယိုခြင်းကလည်း မျက်လုံးအိမ်မှာ ဗက်တီးရီးယားပိုး များပေါက်ပွားစေလို့  အထူးသတိထား ပါ။ အိမ်မွေးတိရိစ္ဆာန်တို့ ၏ အမွှေးအမျှင် များ/ပန်းဝတ်မှုန်များ/လေ ထဲရှိ ဖုန်မှုန့် -သဲမှုန့် များကလည်း မျက်လုံးအိမ်ယားယံရောင် ကိုင်းစေပါတယ်။
(၈) မျက်ကပ်မှန်တပ်ပြီး စီးကရက်မီးညှိကာ ဆေးလိပ်သောက်သုံးသူများ အန္တရာယ်များလှပါတယ်။ နှိုင်းယှဉ်ကြည့်ရာတွင် ဆေး လိပ်သောက် သူများမှာ၊ ဆေးလိပ်လုံးဝ မသောက်သူများထက် မျက်ကြည်လွှာရောင်ကိုင်းမှုအလားအလာ ၈-ဆမျှပိုကြောင်းအမေ ရိကန်ခြေစိုက် မျက်စေ့ ကျွမ်း ကျင်သူ ဒေါက်တာ Eric Stamper က ဝေဖန်အကြံပြုထားပါတယ်။
(၉) လူတစ်ဦးတစ်ယောက်တွင် များသောအားဖြင့် မျက်စေ့တစ်ဖက်နှင့်တစ်ဖက် အမြင်အာရုံ မတူညီကြပါဘူး။ ဘယ်-ညာ မတူ ညီသောပါဝါအတွက် မျက်ကပ်မှန်ထဲ့ဗူးကို အရောင်ခွဲခြားသတ်မှတ်၍ ညဘက်ထဲ့သိမ်းခြင်းဖြင့် မလိုလားအပ်သော မှားယွင်း မှုအန္တရာယ် မဖြစ်စေနိုင်တော့ပါ။
(ပေါက်ပေါက်….မျှဝေသည်)
(ကိုးကား။ အမေရိကန်အင်တာနက်သတင်း Dr. Eric Stamper, Optometric Physician)
By: ကျန်းမာရေးစာတိုများ စုစည်းထားမှု
0 comments:
Post a Comment