ငါ အချိန်တွေကို မုန်းတတ်လာပြီ
ဘာလို့လဲ သိလား
နင်နဲ့တွေ့တဲ့ချိန်က နည်းလွန်းလို့ ...
ချစ်သူ ...
နေ့ရက်တွေကို ငါ နာကျည်းချင်လာပြီ
ဘာလို့လဲ သိလား
နင်နဲ့တွေ့ချိန်ဆို ကုန်ဆုံးသွားတတ်လို့ ....
ချစ်သူ ....
မျှော်လင့်ခြင်းတွေကို အဆုံးသတ်ချင်ပြီ
ဘာလို့လဲသိလား
နင်နဲ့ဝေးမှာ ကြောက်လွန်းလို့ ....
ချစ်သူ ....
အလွမ်းတွေကို ငါ မြတ်နိုးတတ်လာပြီ
ဘာလို့လဲ သိလား
နင့်အကြောင်းလေးတွေ အမြဲသိမ်းထားတတ်လို့ ....
ချစ်သူ .....
သတိရခြင်းတွေကို ငါ တမ်းတ တတ်လာပြီ
ဘာလို့လဲသိလား
နင် ငါ့ကမ္ဘာဖြစ်နေလို့ ....
ချစ်သူ ...
အရမ်းချစ်တယ်လို့ ငါပြောတတ်လာပြီ
ဘာလို့လဲ သိလား ...
နင့်ကို င့ါဘ၀ ထက် ပိုချစ်သွားလို့ .......
ကြိုးစားပါအုံးမည်။
ဆုလေးနွယ်
မင်းမရှိလို့ မဖြစ်နိင်တဲ့ ဘ၀ထဲမှာ
ReplyDeleteမင်းထွက်သွားဖို့ကို လက်မခံနိင်တော့ဘူး..
တကယ်ဆို
မင်း ကိုယ့် ကို မချစ်နိင်ရင်တောင်
လွမ်းစရာလေးတွေတော့
ပေးသွားသင့်တယ်.။
ကိုယ်က
အချစ်နဲ့ ကစားခဲ့တာမဟုတ်ပါဘူး.
အချစ်က ကိုယ့်ကို ကစားသွားတာပါ..
မင်းနဲ့ဆုံတွေ့ရခြင်းကြောင့် ခံစားရရင်..
ရူး ချင်ရင်ရူး သွားပါစေ..
တိတ်တဆိတ် နဲ့ မင်း ထွက်သွားမှာကိုတော့
ကိုယ် ကျိတ်ပြီး မခံစားနိင်တော့လို့ပါ..။