မောင်...
အရမ်းလွမ်းတယ်လို့
ပြောနေတာထက်
ရင်ထဲက အလွမ်းတွေ ပိုနေလို့
မပြောတော့ဘူးနော် ...
မောင် ...
သတိရယ်လို့ အော်နေတာထက်
ရင်ထဲက တိုးတိတ်စွာ ပိုနေလို့
မပြောတော့ဘူးနော် ...
အရမ်းလွမ်းတယ်လို့
ပြောနေတာထက်
ရင်ထဲက အလွမ်းတွေ ပိုနေလို့
မပြောတော့ဘူးနော် ...
မောင် ...
သတိရယ်လို့ အော်နေတာထက်
ရင်ထဲက တိုးတိတ်စွာ ပိုနေလို့
မပြောတော့ဘူးနော် ...
မောင် ....
တမ်းတလိုက်လိုက်လို့
တဖွဖွ ဆိုညည်းနေတာထက်
ရင်ထဲက မခံစားနိုင်တဲ့
တမ်းတခြင်းတွေ ပိုနေလို့
မပြောတော့ဘူးနော် ....
မောင် ...
ပြန်လာခဲ့ပါတော့လို့
တောင်းဆိုနေတာထက်
ရင်ထဲက ကတောင်းဆိုသံတွေ ပိုနေလို့
မပြောတော့ဘူးနော် .....
မောင် ....
အရမ်းချစ်တယ်လို့
ဖွဖွလေး ညည်းနေတာထက်
နှလုံးသား ပိုသွားလို့
မပြောတော့ဘူးနော် .....
မောင် .....
အရာအားလုံးဟာ နှုတ်ခမ်းပါးက
ပြောနေတာထက်
ရင်ထဲက ပိုနေလို့
အရာအားလုံးကို မပြောတော့ဘူးနော် .....
ဆုလေးနွယ်
ကြိုးစားပါအုံးမည်။
0 comments:
Post a Comment