ချစ်သူ
ခုချိန်မှာ နင် အလိုချင်ဆုံးဆု တောင်းပါဆို
နင်နဲ့ အတူနေခွင့်လေး လိုချင်တယ်။
ချစ်သူ....
ခုချိန်မှာ အတမ်းဆုံးဆု တောင်းပါဆို
နင့်အနမ်းဖွဖွလေး လိုချင်တယ်။
ချစ်သူ ...
ခုချိန်မှာ နင် အမက်မောဆုံး ဆု တောင်းပါဆို
နင့် ပုခုံးလေးမှာ မှီခွင့်လေးရချင်တယ်။
ချစ်သူ ....
ခုချိန်မှာ နင်အတွယ်တာ ဆုံး ဆု တောင်းပါဆို
နင့်ရင်ခွင်လေးမှာ နေခွင့်ရချင်တယ်။
ချစ်သူ ....
ငါနင့်ကို ဘယ်ထိ ချစ်သွားတယ် ဆိုတာတော့ ငါ မသိဘူး
ငါသိတာ ကတော့ ငါ ဘယ်အရာနဲ့မှ နှိုင်းမရအောင်
တွယ်တာနေမိပြီ ဆိုတာပါပဲ ။
ဆုလေးနွယ်
ကြိုးစားပါအုံးမည်။
ဆု
Written By MyanmarChnnel@ on Thursday, July 18, 2013 | 7:43 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
Labels:
(ဆုလေးနွယ်),
ကဗျာ
0 comments:
Post a Comment