နင်နဲ့ငါ့ကြားမှာ
ဖြားယောင်းမှုတစ်စုံတစ်ရာလေးတောင်မရှိခဲ့ဘူး။
နင်နဲ့ငါ ရင်းနှီးမှုကြားမှာ
အထင်သေးခြင်းဆိုတာ ဘယ်သူနားမှ မရှိခဲ့ဘူး။
ငါလဲရင်နင်ထူ နင်လဲရင်ငါထူ
နွေလိုပူသမျှ အလီလီကို
အတူတူဖြတ်ကျော်ခဲ့ပြီးမှ ...
အချစ် ဆိုတဲ့ ဝေါဟာရကို
ငါ့တစ်သက် တစ်ရှိုက်မက်မက် မြတ်နိုးမိလို့
ချစ်သူရေ.....
ကျေးဇူးပြုပြီး ထာဝရလက်တွဲဖော်အဖြစ်
ဆက်နေခွင့်ပေးပါ။
0 comments:
Post a Comment