အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » ကင်ဆာလူနာနှင့် အာဟာရ

ကင်ဆာလူနာနှင့် အာဟာရ

Written By MyanmarChnnel@ on Saturday, December 21, 2013 | 5:45 PM

ကင်ဆာရောဂါ ခံစားနေရပြီ ဆိုရင် ဆေးကုသမှု ခံယူနေစဉ် အတွင်း အစားအသောက်တွေကို အာဟာရပြည့်ပြည့်ဝဝ ရရှိအောင် စားသောက်ဖို့ အရေးကြီးပါတယ်။ ဒီလို အာဟာရအပြည့် ရရှိအောင် မှီဝဲတာကြောင့် ဆေးကုသမှုကို အောင်မြင်အောင် ထောက်ပံ့ပေးနိုင် ပါတယ်။ ကူးစက်ပိုးတွေ မဝင်အောင် တွန်းလှန်နိုင်စွမ်း ရှိစေပါ တယ်။ အာဟာရ ချို့တဲ့မှုရဲ့ ဆိုးကျိုး ရရှိမှုကို လျော့ကျစေ ပါတယ်။ 

ဘဝ နေထိုင်မှုဆိုင်ရာ အရည်အသွေးကို သိသိသာသာ မြင့်တက် လာစေပါတယ်။
ကင်ဆာ လူနာတွေမှာ ကောင်းမွန်တဲ့ အစားအသောက်တွေ စားသောက်ပေးဖို့ လိုအပ်နေပေမယ့် အစာမျိုရ ခက်ခဲတာ၊ ပါးစပ်နာတာ၊ အရသာ ခံနိုင်စွမ်း လျော့နည်းတာ၊ ပျို့ချင် အန်ချင်ဖြစ်တာ၊ အန်တာနဲ့ ဝမ်းလျှော ဝမ်းပျက်တာတွေလို ရုပ် ပိုင်းဆိုင်ရာဝေဒနာတွေ ခံစားရရင် အစာကို ကောင်းကောင်းစားနိုင်ဖို့ ခက်ခဲနေတတ် ပါတယ်။ 


အစာကို ပုံမှန်မစားနိုင်တာကြောင့် ကိုယ်အ လေးချိန်ကို ထိန်းနိုင်ဖို့လည်း ခက်ခဲ တတ်ပါတယ်။ ကင်ဆာရောဂါရှင်တွေ အနေနဲ့ အာဟာရ ဓာတ်ကို လုံလောက်အောင် ရယူဖို့ ခက်ခဲနေချိန်မှာ လက်တွေ့ကျ တဲ့ဖြေရှင်းချက်တွေနဲ့ အစာစားသုံး မှုပြည့်ဝစေဖို့ အားထုတ် သင့်ပါတယ်။
 

- ဆေးကုသမှုခံယူနေတဲ့ အတော အတွင်း ကိုယ်အလေးချိန်လျော့ကျ မှုမဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ စိတ်ကို ထားရှိပေးပါ။
 

- ပင်ပန်းနေချိန်မှာ ဟင်းလျာတွေကို ချက်ြပုတ်ဖို့ အဆင်မပြေရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆင်သင့် အစာတွေကို ရေခဲသေတ္တာထဲ ထည့်ထားပေးဖို့ လိုပါတယ်။
 

- အာဟာရပြည့်ဝတဲ့ သရေစာ တွေကို ဆောင်ထားပြီး ပုံမှန်စား ပေးရပါမယ်။
 

- ဟင်းလျာတွေကို ချက်ပြုတ်ပြင် ဆင်တဲ့အခါနဲ့ အရွက်သုပ်တွေ ပြု လုပ်တဲ့အခါတွေမှာ သံလွင်ဆီကို အသုံးပြုပါ။
 

- စားချင်စိတ်ရှိလာအောင် လှုံ့ ဆော်ဖို့ ဟင်းခတ်အမွှေးအကြိုင် တွေဖြစ်တဲ့ ချင်း (ဂျင်း)၊ ကြက်သွန် ဖြူ၊ တရုတ်နံနံစတာတွေကို ထည့် စားပါ။ ဒီအစာတွေက ကင်ဆာ ရောဂါကုသရေးမှာလည်း ပါဝင် ကူညီပေးနိုင် ပါတယ်။
 

- ဟင်းလျာတွေရဲ့ အနံ့ကြောင့် ပျို့ချင်အန်ချင်စိတ်ဖြစ်တတ်ရင် ဒိန်ချဉ်၊ ဆင်းဒဝှစ်ခ်ျလို မချက် ပြုတ်ရတဲ့ အစာတွေကို စားပါ။
 

- အစာစားချင်စိတ်ကို လှုံ့ဆော် နိုင်ဖို့ အစာကို တစ်ကြိမ်တည်းနဲ့ များများမစားဘဲ နည်းနည်းနဲ့ မကြာ ခဏ စားပေးသင့်ပါတယ်။
 

- ကိုယ်လက် လှုပ်ရှားမှုကို တတ် နိုင်သလောက် လုပ်ပေးပါ။
(ကျန်းမာရေးစာတိုများစုစည်းထားမှုမှ ပြန်လည်ကူးယူမျှဝေပါသည်။)




Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်