အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » လုံခြုံစိတ်ချရသော ရွှေ့ပြောင်းသွားလာမှုဖြစ်ပေါ်ရေးအတွက်တောင်းဆိုချက်ထုတ်ပြန်ခြင်း ဒီဇင်ဘာ ၁၈၊ ၂၀၁၃ ( အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့ )

လုံခြုံစိတ်ချရသော ရွှေ့ပြောင်းသွားလာမှုဖြစ်ပေါ်ရေးအတွက်တောင်းဆိုချက်ထုတ်ပြန်ခြင်း ဒီဇင်ဘာ ၁၈၊ ၂၀၁၃ ( အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့ )

Written By MyanmarChnnel@ on Wednesday, December 18, 2013 | 4:48 AM












လုံခြုံစိတ်ချရသော ရွှေ့ပြောင်းသွားလာမှုဖြစ်ပေါ်ရေးအတွက်တောင်းဆိုချက်ထုတ်ပြန်ခြင်း

ဒီဇင်ဘာ ၁၈၊ ၂၀၁၃ ( အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့ )

ကမ္ဘာတစ်ဝှမ်းလုံးတွင် တစ်နေရာမှ တစ်နေရာသို့ရွှေ့ပြောင်းသွားလာမှုများသည် ရှေးယခင်ကပင်တည်ရှိခဲ့ပါ သည်။ ယနေ့လက်ရှိတွင်လည်း နိုင်ငံဖြတ်ကျော်ရွှေ့ပြောင်းသွားလာမှုများ၊ ရွှေ့ပြောင်းအလုပ်သမားများဦးရေ သည် သန်းပေါင်းရာချီလျက်ရှိနေပါသည်။ထိုထိုသောရွှေ့ပြောင်းသွားလာသူများနှင့်ရွှေ့ပြောင်းအလုပ်သမားတို့ အပေါ်တွင် လူသားမဆန်သောခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းများ၊ လူ့အခွင့်အရေးနှင့်အလုပ်သမားအခွင့်အရေး ချိုးဖေါက်ခြင်းများ၊ ခွဲခြားဆက်ဆံခြင်းများ၊ လူကုန်ကူးခြင်းများ အစရှိသည်တို့ပြုမူခံနေကြရပါသည်။

 လူ့အသိုင်း အ၀ိုင်းတွင် ဤကဲ့သို့သော မလိုလားဖွယ်ဖြစ်ရပ်များကို အလေးထားတိုက်ဖျက်ရန်နှင့်ကာကွယ်စောင့်ရှောက်ရန် အတွက် ၂၀၀၀ခုနှစ် ဒီဇင်ဘာ၎ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ္ဂညီလာခံက နှစ်စဉ်ဒီဇင်ဘာလ ၁၈ရက်နေ့ကို အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့အဖြစ်သတ်မှတ်ပေးခဲ့ပြီး ကမ္ဘာအရပ်ရပ်တွင် အထိမ်းအမှတ်အခမ်းအနားများကို နှစ်စဉ်ကျင်းပလျက်ရှိသည်။ 


ကျွန်ုပ်တို့မြန်မာနိုင်ငံသားများဦးရေ ၅-၆ သန်းခန့်တို့သည် အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံအရပ်ရပ်သို့ အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းသွားလာလုပ်ကိုင်လျက်ရှိပါသည်။ မြန်မာနိုင်ငံလူဦးရေ၏ ၁၀%ရှိသော ထိုရွှေ့ပြောင်းအလုပ်သမားတို့သွားလာရာတွင် အများစုမှာ မူလထွက်ခွာရာနိုင်ငံနှင့် သွားရောက်အလုပ်လုပ်သည့်နိုင်ငံ ၂နေရာလုံးတွင် ခေါင်းပုံဖြတ်အကျိုးမြတ်ရှာခံရခြင်းနှင့် အခွင့်အရေးချိုးဖေါက်ခံနေရလျက်ရှိပါသည်။ 

ထိုသို့ဖြစ်ရခြင်းအကြောင်းများစွာရှိသည့်အနက် အဓိကကျသောအကြောင်းအရာများမှာ _ 
(က)လုံခြုံစိတ်ချရသောရွှေ့ပြောင်းသွားလာမှုအတွက်ကောင်းမွန်သောစီမံခန့်ခွဲနိုင်သည့်စနစ်မရှိခြင်း (ခ)ပွဲစားများနှင့်အကျင့်ပျက် အလုပ်အကိုင်အေဂျင်စီများအားထိန်းချုပ် အရေးယူမှုအားနည်းခြင်း (ဂ)ရွှေ့ပြောင်းအလုပ်သမားများအပေါ် ကာကွယ်စောင့်ရှောက်ပေးနိုင်သည့် ဥပဒေ၊ မူဝါဒများအားနည်းခြင်း 
(ဃ) တာဝန်ရှိသူများ၏ အဂတိလိုက်စားမှုများကိုမထိန်းချုပ်နိုင်ခြင်း ၊ 
(င)သံရုံး၊အလုပ်သမားသံအရာရှိများ၏ရွှေ့ပြောင်းအလုပ်သမားများအပေါ်ကာကွယ်ပေးသောအခန်းကဏ္ဍ
အားနည်းခြင်း၊ 

(စ) ရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးငယ်များပြဿနာ စသည်တို့ဖြစ်သည်။ 

မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားတို့၏၀င်ငွေနှင့် ပြန်ပို့ငွေများသည် ၎င်းတို့၏မိသားစုများအတွက်သာမကပဲ နိုင်ငံတော်၏အကျိုးစီးပွားအတွက်လည်း များစွာအထောက်အကူပြုလျက်ရှိပါသည်။ ထို့ကြောင့် နိုင်ငံ တော်အစိုးရအနေဖြင့် မိမိနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားများအပေါ်တွင်ကောင်းမွန်သော၊စနစ်ကျသောကာကွယ်စောင့်ရှောက်မှုများပေးရန်အတွက် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့တွင် ကျွန်ုပ်တို့အနေဖြင့် အောက်ပါအချက်များကို လေးနက်စွာတောင်းဆိုအပ်ပါသည်။ 


တောင်းဆိုချက်

၁။ ရွှေ့ပြောင်းအလုပ်သမားများ၏အခွင့်အရေးနှင့်စွမ်းရည်ဖွံ့ဖြိုးမှုကိုအလေးထားသည့် ရွှေ့ပြောင်းရေးရာမူဝါဒ နှင့် လုပ်ငန်းစဉ်များကို တိကျ၊ရှင်းလင်း၊ခိုင်မာစွာချမှတ် အကောင်ထည်ဖေါ်ဆောင်ရွက်ပေးရန်။

၂။ လုံခြုံစိတ်ချရသောရွှေ့ပြောင်းသွားလာမှုဖြစ်စေရန်အတွက် ကြိုတင်ပြင်ဆင်သည့်သင်တန်းများ၊ အလုပ် အကိုင်ရှာဖွေရေးအေဂျင်စီများအတွက်သင့်လျော်သောစည်းမျဉ်းများနှင့်ထိန်းချုပ်မှုများပါဝင်သော လက်တွေ့ ကျ၊ လိုက်နာရန်လွယ်ကူသော၊ ပွင့်လင်းမြင်သာသောလုပ်ငန်းစဉ်များချမှတ် အကောင်ထည်ဖေါ်ဆောင်ရွက်ပေး ရန်။

၃။ ရွှေ့ပြောင်းရေးရာနှင့်ပတ်သက်သော ဌာနဆိုင်ရာဝန်ထမ်းများတွင် အဂတိလိုက်စားမှုမဖြစ်ပေါ်ရေးအတွက် ထိန်းချုပ်ဆောင်ရွက်ပေးရန်။

၎။ ငါးဖမ်းလုပ်ငန်းနှင့်အိမ်ဖေါ်လုပ်ငန်း အလုပ်သမားများအတွက် ကာကွယ်စောင့်ရှောက်မှုနှင့်ခံစားခွင့်များရရှိ ရေးအတွက် နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်ပေးရန်။

၅။ မြန်မာရွှေ့ပြောင်းအလုပ်သမားများ သွားရောက်လုပ်ကိုင်နေသည့်နိုင်ငံတိုင်းတွင် ကျွမ်းကျင်ပြီးလုံလောက် သော အလုပ်သမားသံအရာရှိများထားရှိပေးရန်။

၆။ အမိမြေသို့ပြန်လာလိုသောအလုပ်သမားများနှင့် ကျွမ်းကျင်အလုပ်သမားများအတွက် သင့်တော်သည့် အလုပ်အကိုင်အခွင့် အလမ်းများရရှိရေးအတွက် မူဝါဒများချမှတ်ဆောင်ရွက်ပေးရန်

အထက်ပါတောင်းဆိုချက်များဖြစ်မြောက်အောင်မြင်စေရန်အတွက် ကျွန်ုပ်တို့အနေဖြင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် ILO နှင့်လည်း ဆက်သွယ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ 


 ရွှေ့ပြောင်းအလုပ်သမာအခွင့်အရေးကွန်ရက် (Migrant Workers Rights Network)
 Action Labour Rights
 Labour Rights Clinic
 Compassion Child Foundation ( CCF )
 Labour Rights Defenders & Promoters ( LRDP )
 JACBA

ဆက်သွယ်ရန်။ ။ ဦးစိန်ဋ္ဌေး ( MWRN ) 0949278500
ကိုထွန်း ( MWRN ) 0931389989


Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်