မြတ်နိုးရသူ ဒီရင်ခွင်မှ
ခံစားမှုမှန် ကိုယ်မပြောလဲ
သူမြင်နေလျှက်
အဘယ်ကြောင့်နာအောင်
လုပ်ရက်ပါသနည်း။
ကြင်နာရသူ ဒီနှလုံးသားမှ
အတွေးစကို မပြောသိနေ
ဆိုစရာမလိုပါလျှက်
ဘာအတွက်နှင့် သွေးကျစေသနည်း။
အချစ်ရဆုံးသူ
ဒီကမ္ဘာမှာ ငါ အချစ်ဆုံးက
နင်တစ်ယောက်သာ သိနေပါလျှက်
မရွှင်နှလုံး အသဲပြုန်းအောင်
နာကျင်ခံစား အလွမ်းများကို
ဘယ်အငြိုးကြောင့် ပေးရက်ပါသနည်း။
လွမ်းဆုလေး (ခ) ဆုလေးနွယ်
ဘယ်အငြိုးကြောင့်နည်း
Written By MyanmarChnnel@ on Wednesday, October 23, 2013 | 8:11 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
Labels:
(ဆုလေးနွယ်),
ကဗျာ
0 comments:
Post a Comment