တစ်နယ်စီခြား တို့နှစ်ဦးကြားမှာ
မသေချာတဲ့ မနက်ဖြန်တစ်ခုက
မပီပြင်ဝိုးတစ်ဝါးနဲ့
ဆုံနိုင်ခွင့်ကို မီးရောင်မှိန်မှိန်လေးနဲ့
ရှာနေမိတယ်....
ခု ချိန်မှာ ကိုယ့်အတွက်နှစ်သိမ့်ပေးတဲ့
အဖော်ကောင်းနှစ်ယောက်ကတော့
မျက်ရည်နဲ့ အထီးကျန်ခြင်းပေါ့ ...
အထီးကျန်ဆန်လွန်းတဲ့ နေ့ရက်တိုင်းမှာ
အလွမ်းရဲ့ ထိုးနှက်မှုဒဏ်ကြောင့်လဲ
အကြိမ်ကြိမ်လဲပြိုခဲ့ရသူပါ ..
ငါ့ရဲ့ အိပ်စက်ခြင်းကို သူဖျက်ဆီးရုံတင်မက
ငါ့ အိပ်မက်တိုင်းကို သူနှောင့်ယှက်တယ်
တမ်းတခြင်း အိပ်မက်ဆိုးတွေကို
လက်ဆောင်ပေးလာပြန်တော့
ငါ .... အလူးအလဲပေါ့ ..
နင်နဲ့ငါ့ကို ရက်စက်စွာ ပိုင်းခြားထားတဲ့
ပင်လယ်ပြာနဲ့ တောတောင်တန်းများကို
ဖြတ်ကျော်ပစ်ဖို့ စွမ်းအား ငါ မပိုင်ပေမယ့်
အချစ်ကပေးတဲ့စွမ်းအား
မနက်ဖြန်တိုင်း မျှော်လင့်နေတတ်တာကိုတော့
ငါ ပိုင်ဆိုင်ဖို့ ခွန်အားတွေ ရထားပါတယ်ဟာ....
လွမ်းဆုလေး (ခ) ဆုလေးနွယ်
မသေချာတဲ့ မနက်ဖြန်တစ်ခုက
မပီပြင်ဝိုးတစ်ဝါးနဲ့
ဆုံနိုင်ခွင့်ကို မီးရောင်မှိန်မှိန်လေးနဲ့
ရှာနေမိတယ်....
ခု ချိန်မှာ ကိုယ့်အတွက်နှစ်သိမ့်ပေးတဲ့
အဖော်ကောင်းနှစ်ယောက်ကတော့
မျက်ရည်နဲ့ အထီးကျန်ခြင်းပေါ့ ...
အထီးကျန်ဆန်လွန်းတဲ့ နေ့ရက်တိုင်းမှာ
အလွမ်းရဲ့ ထိုးနှက်မှုဒဏ်ကြောင့်လဲ
အကြိမ်ကြိမ်လဲပြိုခဲ့ရသူပါ ..
ငါ့ရဲ့ အိပ်စက်ခြင်းကို သူဖျက်ဆီးရုံတင်မက
ငါ့ အိပ်မက်တိုင်းကို သူနှောင့်ယှက်တယ်
တမ်းတခြင်း အိပ်မက်ဆိုးတွေကို
လက်ဆောင်ပေးလာပြန်တော့
ငါ .... အလူးအလဲပေါ့ ..
နင်နဲ့ငါ့ကို ရက်စက်စွာ ပိုင်းခြားထားတဲ့
ပင်လယ်ပြာနဲ့ တောတောင်တန်းများကို
ဖြတ်ကျော်ပစ်ဖို့ စွမ်းအား ငါ မပိုင်ပေမယ့်
အချစ်ကပေးတဲ့စွမ်းအား
မနက်ဖြန်တိုင်း မျှော်လင့်နေတတ်တာကိုတော့
ငါ ပိုင်ဆိုင်ဖို့ ခွန်အားတွေ ရထားပါတယ်ဟာ....
လွမ်းဆုလေး (ခ) ဆုလေးနွယ်
0 comments:
Post a Comment