ဘာ.... အဆင့်တန်းမတူလို့ ဟုတ်လား
ငါ မေးစမ်းပါရစေအုံး
ငါတို့နှစ်ယောက်ရဲ့ ဘ၀ခရီးလမ်းမှာ
ဒီ ဂုဏ်ပကာသန ဆိုတာ အရေးပါလား..
စည်းစိမ်ဘုံပေါ်တက်ထိုင်ပြီး
ဇိမ်ကျကျနေချင်ရင်
ငါ မင်းကိုတောင် ချစ်ခဲ့မှာမဟုတ်ဘူး
ငါ အချစ်ကို တန်ဖိုးထားလို့
မင်းကို ငါ ရွေးချယ်ခဲ့တာ
ငါတို့နောက်ကွယ်တွေက ချမ်းသာတာကို မဟုတ်ဘူး
နင် တော်တော်ကို အားကျဖို့ကောင်းတယ်
မိဘ က သဘောမတူလို့တဲ့
ဟုတ်လား ....
ဒီစကားလုံး ဟိုး ဆယ်ရာစုမှာ သွားပြန်ပြောပါ
နင် သိထားဖို့က
နင် မရှိလဲ ငါ မသေနိုင်ဘူးဆိုတာပဲ ။
ငါ လဲ မာန နဲ့ နေတဲ့ သူတစ်ယောက်ပါ။
0 comments:
Post a Comment