အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ငါအရမ်းချစ်လို့ပါ

ငါအရမ်းချစ်လို့ပါ

Written By MyanmarChnnel@ on Tuesday, September 3, 2013 | 4:19 AM


ချစ်သူ .....

ငါ မုန်းလို့ မင်းကို ပိတ်ပင်ခဲ့တာ မဟုတ်ပါဘူး
အမှားတွေလုပ်မိမှာ စိုးလို့ တားမိတာပါ။

မချစ်လို့ အပြစ်တင်တာမဟုတ်ပါဘူး
အမှားဆိုတာ မှားမှန်းမသိပဲ အမှားထဲတိုးဝင်သွားမှာ စိုးရိမ်လို့ပါ။

နာကျင်ပါစေဆိုပြီး တမင်အော်ခဲ့တာ မဟုတ်ပါဘူး
အမှားမဖြစ်စေဖို့ ငါ့နှလုံးသားကို အနာခံပြီး ပြောခဲ့တာပါ။

ခံစားရပါစေဆိုပြီး လုပ်လိုက်တာ မဟုတ်ပါဘူး
နင် အရမ်းထိခိုက်မှာ စိုးလို့ ငါ ပဲ ခံစားပြီး လုပ်မိတာပါ။

မျက်ရည်မကျရဘူး ဆိုတာသိပေမယ့်
နာကျင်လွန်းတဲ့ နှလုံးသားကြောင့် ငါ ငိုမိတာပါ။

အရမ်းချစ်လို့ နင် ခံစားထိခိုက်သွားမယ့် အရာမှန်သမျှ
ငါသာ လွဲပြီး ယူလိုက်ချင်တယ် ။

နင် တစ်ခုခုဖြစ်မှာ အကြောက်ဆုံးမို့
နင်အော်သမျှ ငါ့နှလုံးသား မခံစားနိုင်လဲ
နင် အမှားမလုပ်မိအောင်သာ ငါ တားနေမှာပဲ။

ငါ့ နှလုံးသားက မခံစားနိုင်ပါဘူး
နင်ပြောသမျှ ငါ မခံယူနိုင်ပါဘူး
နင် အော်ခဲ့သမျှ ငါ မမျိုသိပ်နိုင်ခဲ့ပါဘူး .....

ဒါပေမယ့် .... ငါ ကျေနပ်ပါတယ်
နင် အမှားမလုပ်ဖို့ပဲ
ဘာလို့လဲ လို့ မမေးပါနဲ့

ငါ အရမ်းချစ်လို့ပါ ......
ငါ အရမ်းကို ချစ်လို့ပါ ။

ဆုလေးနွယ်

Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်