အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ရင်တုန်ခြင်း ကင်းဝေးစေသော ဖြေရှင်းနည်းများ

ရင်တုန်ခြင်း ကင်းဝေးစေသော ဖြေရှင်းနည်းများ

Written By MyanmarChnnel@ on Sunday, October 27, 2013 | 8:44 PM

လူတစ်ယောက်ရဲ့ တစ်နှစ်အတွင်း နှလုံးခုန်နှုန်းက အကြိမ်ရေပေါင်း ၃၆ သန်း နီးပါး ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်က အနည်းငယ်တော့ ကွာခြားနိုင်ပါတယ်။ ပုံမှန်ထက် နှလုံးခုန်နှုန်းမြန်ပြီး ရင်တုန်တာလာမျိုးတွေကိုလည်း ကြုံဖူးမှာပါ။ နှလုံးရောဂါ အခံမရှိဘဲ ရုတ်တရက် လန့်သွားတဲ့အခါ၊ ပင်ပန်း နွယ်နယ်ပြီး အားမရှိသလို ဖြစ်နေတဲ့အခါ၊ စိတ်ဖိစီးမှုတွေ များတဲ့အခါ၊ ဆေးဝါးတွေ သောက်သုံးပြီးနောက် ခံစားရတာ စတဲ့ အကြောင်း အမျိုးမျိုးကြောင့် ရင်တုန်တာကို ခံစားရတတ်ပါတယ်။ အဲဒီလိုဖြစ်လာတဲ့အခါ လတ်တလော လုပ်ဆောင်ပြီး ဖြေရှင်းနိုင်တဲ့ နည်းလမ်းတချို့ ရှိပါတယ်။

ရင်တုန်ခြင်းမှ သက်သာစေရန်


နှလုံးခုန်နှုန်း ပုံမမှန် ဖြစ်လာပြီဆိုတာ သိတာနဲ့ နီးရာ ထိုင်ခုံတစ်ခုခုမှာ ထိုင်ချလိုက်ပါ။ အသက်ကို ဖြည်းညင်းစွာနဲ့ အဆုံးအထိ ရှူရှိုက်ပါ။ အသက်ရှူသွင်း၊ ရှူထုတ်ကို ဖြည်းဖြည်းနဲ့ မှန်မှန်ပြုလုပ်ပါ။နှလုံးခုန်နှုန်းက ပုံမှန် အနေအထားကို ပြန်ရောက်သွားပါလိမ့်မယ်။ နှလုံးခုန်နှုန်းပုံမှန် မဖြစ်သေးဘူးဆိုရင် နှာခေါင်းကို လက်ညှိုးလက်မနဲ့ ညှစ်ပြီးပိတ်ပါ။ ပါးစပ်ကိုလည်း ပိတ်ပြီး လေကို ရှူထုတ်ပါ။ ပါးစပ်ရော နှာခေါင်းပါ ပိတ်ထားတာကြောင့် လေကို ရှူထုတ်နိုင်မှာ မဟုတ်ပါဘူး။ အဲလိုလုပ်နေစဉ်မှာပဲ ကလေးမွေးတဲ့အခါ ညှစ်အားသုံးသလိုမျိုး ဝမ်းဗိုက်ကို ညှစ်ပါ။ အဲဒီလို လုပ်လိုက်တာကြောင့် သွေးဖိအားတက်လာပြီး နှလုံးခုန်နှုန်း ပုံမှန် ပြန်ဖြစ်လာစေပါတယ်။ အားစိုက်ပြီး ချောင်းဆိုးတာကလည်း နှလုံးခုန်နှုန်းကို ပုံမှန် ပြန်ဖြစ်လာစေပါတယ်။ ချောင်းဆိုးလိုက်တဲ့အခါ ရင်ခေါင်းထဲမှာ ဖိအားများလာပြီး နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်အောင် ထိန်းချုပ်ပေးပါတယ်။

ရေသောက်ပါ

ရေခဲရေကို အမြန်သောက်ချပါ။ ဒီနည်းကို အတော်များများက မသိကြပေမယ့် လက်တွေ့ အသုံးဝင်ပါတယ်။ ရေမျိုချလိုက်တဲ့အခါ အစာရေမျိုရဲ့ ဖိအားကြောင့် နှလုံးခုန်နှုန်းက ပုံမှန် ပြန်ဖြစ်လာပါတယ်။ မျက်နှာကို ရေခဲရေနဲ့ ပက်လိုက်ပါ။ နှလုံးခုန်နှုန်း ပုံမှန်ဖြစ်စေတဲ့ လှည့်စားနည်း တစ်ခုပါ။

မျှတအောင် စားပါ

နှလုံးကျန်းမာရေးကို ကောင်းမွန်စေတဲ့ အိုမီဂါ-၃ အဆီများစွာ ရရှိနိုင်တဲ့ ဆယ်လ်မွန်ငါး၊ မက်ကရယ်ငါး စတဲ့ အဆီများတဲ့ ငါးတွေ စားပါ။ တစ်ကြိမ်တည်း အများကြီးစားမယ့် အစား နည်းနည်းနဲ့ မကြာခဏ စားတဲ့ အကျင့်ကို လေ့ကျင့်ယူပါ။ တစ်ကြိမ်တည်းနဲ့ အများကြီး စားရင် အဲဒီအစားအစာတွေကို ချေဖျက်ဖို့ နှလုံးဆီက သွေးတွေ အစာခြေ အဖွဲ့အစည်းဆီကို များများ စီးဆင်းတာကြောင့် ရင်တုန်တာကို ခံစားရတတ်ပါတယ်။ ကဖင်းဓာတ် ပါဝင်တဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည်တွေက ရင်တုန်စေတာကြောင့် ရှောင်ပါ။

စိတ်ဖိစီးမှုကို လျှော့ချပြီး ကောင်းစွာ အိပ်စက်အနားယူပါ

ရင်တုန်တာက ကျန်းမာရေးကို ထိခိုက်လောက်အောင် စိတ်ဖိစီးမှုတွေ များနေပြီ ဆိုတာကို သတိပေးနေတာလည်း ဖြစ်နိုင်ပါတယ်။ တရားအားထုတ်တာက စိတ်ဖိစီးမှုကို လျှော့ချပေးပါတယ်။ မွေးပျံ့တဲ့ ရနံ့တွေ ရှူရှိုက်တာက စိတ်ဖိစီးမှုကို လျော့နည်းစေပြီး စိတ်တည်ငြိမ်စေပါတယ်။ လာဗန်ဒါရနံ့၊ လိမ္မော်ရနံ့၊ သံပရာရနံ့ စတဲ့ ရနံ့တစ်ခုခုကို လက်ကိုင်ပဝါမှာ ဆွပ်ပြီး ရှူရှိုက်ပါ။ တစ်နေ့ကို အနည်းဆုံး ၇ နာရီ အိပ်စက် အနားယူပါ။

ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ

အေရိုးဗစ် လေ့ကျင့်ခန်းကို တစ်နေ့ မိနစ် ၃၀ ကြာ၊ တစ်ပတ် ၃-၄ ရက် ပြုလုပ်ပါ။ လမ်းလျှောက်တာ၊ ပြေးတာ၊ တင်းနစ်ကစားတာ စတဲ့ အားကစားနည်း တစ်ခုခုကိုလည်း ပြုလုပ်နိုင်ပါတယ်။ အားကစား မပြုလုပ်ခင်နဲ့ ပြုလုပ်ပြီးနောက်မှာ သွေးပူလေ့ကျင့်ခန်းကို ၁၀ မိနစ်ကြာ ပြုလုပ်ပါ။

ဖြည့်စွက်မှီဝဲပါ

အများစုမှာ မဂ္ဂနီဆီယမ်ဓာတ် လျော့နည်းပါက ရင်တုန်တာ ဖြစ်တတ်ပါတယ်။ မဂ္ဂနီဆီယမ် ၄၀၀ မီလီဂရမ်ကို တစ်နေ့နှစ်ကြိမ် သောက်ပါ။ နှလုံးရောဂါရှိပါက ကိုအင်ဇိုင်းကျူ-၁၀ ကို ပုံမှန် သောက်သုံးပါ။ တစ်နေ့ကို အစားအစာကနေ ကိုအင်ဇိုင်းကျူ-၁၀ ကို ၁၅၀ မီလီဂရမ် ရရှိအောင် စားပါ။ ငါး စားသုံးမှုနည်းသူ ဖြစ်ပါက အိုမီဂါ-၃ ကို ဖြည့်စွက် သောက်သုံးပါ။ အမိုင်နိုအက်စစ်ဖြစ်တဲ့ တော်ရင်းက နှလုံးခုန်မမှန်အောင် ဖြစ်စေတဲ့ လှုံ့ဆော်မှုတွေကို လျော့နည်းစေပါတယ်။

သောက်သုံးနေသော ဆေးဝါးများကို ပြန်စစ်ပါ

ဆရာဝန် ညွှန်ကြားချက်နဲ့ သောက်သုံးနေတဲ့ ဆေးဝါးဖြစ်စေ၊ ညွှန်ကြားချက်မလိုတဲ့ တချို့ဆေးဝါးတွေဖြစ်စေ ရင်တုန်တာကို ဖြစ်စေပါတယ်။ ဆရာဝန်ကို မေးမြန်းတိုင်ပင်ပါ။

(ကျန်းမာရေး စာတိုများစုစည်းထားမှုမှ ပြန်လည်ကူးယူမျှဝေပါသည်။)


 
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်