ငါက နင့်ရဲ့ပထမလူ ဖြစ်ချင်မှလဲ ဖြစ်မှာပါ
ဒါပေမယ့် ငါ ဖြစ်ချင်တာ မင်းရဲ့နောက်ဆုံးလူပါ ..
ငါက နင့်ရဲ့ အချစ်ဦးလဲ ဟုတ်ချင်မှ ဟုတ်မှာပါ
ဒါပေမယ့် ငါ ဖြစ်ချင်တာ မင်းရဲ့အချစ်ဆုံးလူပါ။
ငါက နင့်ရဲ့ အချစ်ရဆုံးသောသူလဲ ဖြစ်ချင်မှ ဖြစ်မှာပါ
ဒါပေမယ့် ငါ ဖြစ်ချင်တာ နင် သံယောဇဉ်အရှိဆုံးလူပါ။
ငါက နင့်ရဲ့ အမြတ်နိုးရဆုံးလဲ ဟုတ်ချင်မှ ဟုတ်မှာပါ
ဒါပေမယ့် ငါ ဖြစ်ချင်တာ နင် တန်ဖိုးအထားရဆုံးလူပါ။
ငါက နင့်အတွက် အလိုအပ်ဆုံးလဲ မှန်ချင်မှ မှန်မှာပါ
ဒါပေမယ့် ငါ ဖြစ်ချင်တာ နင့်အတွက် နားလည်ရဆုံးသူပါ။
ငါက နင့်အတွက် အပျော်ဆုံးထားနိုင်သူလဲ ဟုတ်ချင်မှ ဟုတ်မှာပါ
ဒါပေမယ့် ငါ ဖြစ်ချင်တာ နင့်အတွက် အဖြည့်ဆည်းပေးနိုင်ဆုံးသူပါ။
လွမ်းဆုလေး (ခ) ဆုလေးနွယ်
ချစ်သူဖတ်ဖို့ ချစ်ကဗျာ (၃)
Written By MyanmarChnnel@ on Thursday, October 31, 2013 | 7:34 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.

0 comments:
Post a Comment