အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » လောကဓံရှစ်ပါးနှင့် အမြင်နှစ်မျိုး

လောကဓံရှစ်ပါးနှင့် အမြင်နှစ်မျိုး

Written By MyanmarChnnel@ on Thursday, October 31, 2013 | 7:38 PM

လာဘ်ရခြင်း၊ လာဘ်မရခြင်းစသော လောကဓံ ရှစ်ပါးသည် အကြားအမြင်နည်းသော ပုထုဇဉ်မှာလည်း ဖြစ်၏။ အကြားအမြင်များသော အရိယာသာဝကမှာလည်း ဖြစ်၏။ ထိုသို့ဖြစ်ရာ၌ အရိယာသာဝကသည် အကြားအမြင်နည်းသော ပုထုဇဉ်နှင့် ကွဲပြားပုံကား....

အကြားအမြင်နည်းသော ပုထုဇဉ်အား လာဘ်ရခြင်း၊ လာဘ်မရခြင်းစသော လောကဓံတရားများ ဖြစ်ပေါ်လာသည်ရှိသော် ထိုပုထုဇဉ်သည် "ဤတရားတို့ကား မမြဲသော တရားများ ဖြစ်ကုန်၏၊ 



ဆင်းရဲသောတရားများ ဖြစ်ကုန်၏၊ ဖောက်ပြန်ပြောင်းလဲခြင်းသဘောရှိသော တရားများဖြစ်ကုန်၏" ဟု ဟုတ်တိုင်းမှန်စွာ မသိ၊ ယင်းသို့ မသိသော ပုထုဇဉ်၏စိတ်ကို ထိုတရားတို့က သိမ်းယူ၍ တည်ကုန်၏။ ပုထုဇဉ်သည် ဖြစ်ပေါ်လာသော လာဘ်ရခြင်းကို သာယာနှစ်သက်၏။ လာဘ်မရလျှင် စိတ်မကျေမနပ် ဖြစ်၏။ ........ ဖြစ်ပေါ်လာသော ချမ်းသာကို သာယာနှစ်သက်၏။ ဆင်းရဲခြင်း ဖြစ်ပေါ်လာလျှင် စိတ်မကျေမနပ် ဖြစ်၏။ ထိုပုထုဇဉ်သည် ဤသို့ သာယာနှစ်သက်ခြင်း၊ စိတ်မကျေမနပ်ဖြစ်ခြင်းသို့ ရောက်သည်ဖြစ်၍ ဇာတိဇရာ စသော ဒုက္ခအပေါင်းမှ မလွတ်ဘဲ ရှိလေ၏။

အကြားအမြင်များသော အရိယာသာဝကအား လာဘ်ရခြင်း၊ လာဘ်မရခြင်း စသော လောကဓံတရားများ ဖြစ်ပေါ်လာသည်ရှိသော် ထိုအရိယာသာဝကသည် "ဤတရားတို့ကား မမြဲသော တရားများ ဖြစ်ကုန်၏၊ ဆင်းရဲသော တရားများ ဖြစ်ကုန်၏၊ ဖောက်ပြန်ပြောင်းလဲခြင်း သဘောရှိသော တရားများ ဖြစ်ကုန်၏" ဟူ၍ ဟုတ်တိုင်းမှန်စွာ သိ၏။ ယင်းသို့သိသော အရိယာသာဝက၏ စိတ်ကို ထိုတရားတို့သည် သိမ်းယူ၍ မတည်ကုန်။ ထိုအရိယာသာဝကသည် ဖြစ်ပေါ်လာသော လာဘ်ရခြင်းကို သာယာနှစ်သက်ခြင်းသို့ မရောက်၊ လာဘ်မရလျှင်လည်း စိတ်မကျေနပ်ခြင်း မဖြစ်။ .......... ဖြစ်ပေါ်လာသော ချမ်းသာခြင်းကို သာယာနှစ်သက်ခြင်းသို့ မရောက်။ ဆင်းရဲခြင်း ဖြစ်ပေါ်လာလျှင်လည်း စိတ်မကျေနပ်ခြင်း မဖြစ်။ ထိုအရိယာ သာဝကသည် ဤသို့ သာယာနှစ်သက်ခြင်း၊ စိတ်မကျေမနပ်ဖြစ်ခြင်းသို့ မရောက်သည်ဖြစ်၍ ဇာတိဇရာ စသော ဒုက္ခအပေါင်းမှ လွတ်မြောက်၏။
(အင်္ဂုတ္တရနိကာယ်၊ အဋ္ဌကနိပါတ်၊ ဒုတိယလောကဓမ္မသုတ်)

မြကန်သာ ဆရာတော် (ကန့်ဘလူ)



Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်