အခါတစ်ပါး၌ ရှင်ဥပါလိသည် မြတ်စွာဘုရားထံ ချဉ်းကပ်၍ "တပည့်တော်သည်
ဆိတ်ငြိမ်ရာ၌ တစ်ပါးတည်းနေလျက် တရားအားထုတ်လိုပါသည်။ သင့်လျော်သောတရားကို
အကျဉ်းအားဖြင့် ဟောတော်မူပါဘုရား" ဟု တောင်းပန်လေသည်။ ထိုအခါ မြတ်စွာဘုရားက အောက်ပါအတိုင်း ဟောကြားတော်မူ၏။
`ဥပါလိ၊ သင်သည် အကြင်တရားတို့ကို´ ဤတရားတို့ကား ဝဋ်ဆင်းရဲ၌ စင်စစ်
(၁) ငြီးငွေ့ခြင်း၊
(၂) တပ်မက်မှုကင်းခြင်း၊
(၃)ကိလေသာကွယ်ပျောက်ခြင်း၊
(၄) ကိလေသာ ငြိမ်းအေးခြင်း၊
(၅) အထူးသိခြင်း၊
(၆) ကိုယ်တိုင်သိခြင်း၊
(၇) ဒုက္ခငြိမ်းခြင်းငှါ မဖြစ်ကုန်ဟု သိ၏။ ထိုတရားတို့ကို `ဓမ္မမဟုတ်၊
ဝိနယမဟုတ်၊ မြတ်စွာဘုရား၏ အဆုံးအမ မဟုတ်´ ဟူ၍ တစ်ထစ်ချအားဖြင့် မှတ်ယူရမည်။
`ဥပါလိ၊ သင်သည် အကြင်တရားတို့ကို´ 'ဤတရားတို့ကား ဝဋ်ဆင်းရဲ၌ စင်စစ်
ငြီးငွေ့ခြင်း.......ဒုက္ခငြိမ်းခြင်းငှါ ဖြစ်ကုန်၏' ဟု သိ၏။ ထိုတရားတို့ကို
ဓမ္မဝိနယဟူ၍လည်းကောင်း၊ မြတ်စွာဘုရား၏ အဆုံးအမဟူ၍လည်းကောင်း
တစ်ထစ်ချအားဖြင့် မှတ်သားရမည်ဟု ဟောကြားတော်မူပါသည်။
(အဂုင်္တ္တရနိကယ်၊ သတ္တကနိပါတ်၊ သတ္ထုသာသနသုတ်)
မြကန်သာ ဆရာတော် (ကန့်ဘလူ)
ဗုဒ္ဓအဆုံးအမ ဟုတ်၊ မဟုတ် သိကြောင်း(၇)ပါး
Written By MyanmarChnnel@ on Wednesday, October 30, 2013 | 8:10 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
0 comments:
Post a Comment