အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ယုံတမ်းတွေရဲ့နောက်ကွယ်

ယုံတမ်းတွေရဲ့နောက်ကွယ်

Written By MyanmarChnnel@ on Wednesday, October 30, 2013 | 8:05 PM

သိပ်ချစ်တယ် ကိုရယ်တဲ့
ယုံတမ်းစကားတွေရဲ့နောက်ကွယ်က
ငါယုံကြည်အောင် အပ်ကြောင်းထပ်နေအောင်
ပြောခဲ့တဲ့ မင်းရဲ့ချစ်စကား။

ဝေးရမှာ ကြောက်တယ် ကိုရယ်တဲ့
မာယာတွေနောက်ကွယ်က
ငါ မလှုပ်သာအောင် ချည်နှောင်ထားတဲ့
မင်းရဲ့ မုသား။


လွမ်းလိုက်တာ ကိုရယ် တဲ့
ရယ်စရာကောင်းလိုက်တာ
ငါ ရူးသွပ်နေအောင် ပြုစားခဲ့တဲ့
မင်းရဲ့ အချိုမြိန်ဆုံး ဟန်ဆောင်စကား။

အမုန်းဆိုတာကို မပြောကြေးနော် ကို တဲ့
အဆိပ်အပြင်းဆုံး မင်းရဲ့ အဆိပ်တစ်ခုပေါ့
အချစ်ဆိပ်ပြင်းတဲ့ မြှားတစ်စင်းမို့
ငါ့နှလုံးသားတစ်ခုလုံး သွေးချောင်းစီးခဲ့ရတာပေါ့။

နောက်ဆုံးတော့လဲ
ယုံတမ်းတွေရဲ့နောက်ကွယ်က ငါ့ယုံကြည်မှုတွေ
ငါ့ကိုလှောင်ပြောင်နေကြပြီ...
ဒါတွေအားလုံးဟာ ငါ့အတွက်တော့
ဝမ်းနည်းကြေကွဲဖွယ် လေးတွေပါ ချစ်သူ .....


လွမ်းဆုလေး (ခ) ဆုလေးနွယ်

Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်