သတိမရချင်လို့ မေ့ခဲ့တာကြာပါပြီ
မလွမ်းချင်တော့လို့ သိမ်းထားတာ ကြာပါပြီ
မင်းနဲ့ ပတ်သက်သမျှ အားလုံးကို
အတိတ်မှာထားခဲ့တာ ကြာပါပြီ
ဘာလို့များ ငါ့ရဲ့ အနာဂတ်မှာ
ခြယ်လှယ်ခွင့် လိုချင်တာလဲ။
အေးဆေးနေတဲ့ ငါ့ဘ၀လေးကို ဘာကြောင့်
လှိုင်းထအောင် လုပ်ရက်တာလဲ
မင်းနဲ့ထပ်မဆုံချင်တော့လို့
မင်းရှိတဲ့အရပ်ကို ရှောင်တိမ်းခဲ့တာပါ။
ဒါပေမယ့်
ကံကြမ္မာ မျက်နှာသာမပေးလေတော့
ထပ်တစ်ကြိမ်ပြန်ဆုံခဲ့ရတယ်။
အဟောင်းတွေကို အသစ်မဖြစ်ချင်တော့လို့
မေ့ထားခဲ့ပေမယ့်
မင်းနဲ့ပတ်သက်လာရင် ခုချိန်ထိ
ငါ့ရင်ခုန်သံတွေက မြန်နေဆဲပါပဲ ။
ပိုင်ဆိုင်သူ ရှိပြီးသား လူတစ်ယောက်ကို
ဘယ်တော့မှ ပြန်မရနိုင်တာသိပေမယ့်
လူဆိုတာကလဲ မရတာကိုမှ လိုချင်နေတော့
မဖြစ်သင့်မှန်းသိသိကြီးနဲ့ ငါ ဆက်မှားနေမိတာပါ ......
လွမ်းဆုလေး (ခ) ဆုလေးနွယ်
မဖြစ်နိုင်မှန်းသိပေမယ့်
Written By MyanmarChnnel@ on Wednesday, October 30, 2013 | 8:04 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
0 comments:
Post a Comment