နင်သိလား ...
နင်ကလွဲပြီး ဘယ်သူမှ ငါမချစ်တာ။
နင်ကလွဲပြီး ဘယ်သူမှ ငါ မမြတ်နိုးတတ်တာ။
နင်ကလွဲပြီး ဘယ်သူ့အရိပ်မှ မဖြစ်ချင်ခဲ့တာ။
နင် တစ်ယောက်ကလွဲပြီး ငါ ဘယ်သူ့အတွက်မှ မငိုဖူးတာ။
နင့်ရင်ခွင်ကလွဲပြီး ဘယ်သူ့ရင်ခွင်မှ ငါ မခိုလှုံဖူးတာ။
နင်သွားရာ နင့်အရိပ်တစ်ခု ဖြစ်ချင်ခဲ့တာ။
နင်မမြင်တဲ့ ငါ့နှလုံးသားမှာ နင့်အတွက်နေရာအပြည့်ထားတာ။
နင်တစ်ယောက်အတွက်သာ ရှိနေချင်ခဲ့တာ။
နင့်အတွက်ပဲ အမြဲတွေးခဲ့တာ။
အားလုံး နင့်အတွက်ပဲ ငါ လုပ်နေမိတာ။
ဒါတွေကို ....
နင်သိရဲ့လား ချစ်သူရယ်........
ဆုလေးနွယ်

0 comments:
Post a Comment